ပုရွက်​ဆိတ်


ပုရွက်​ဆိတ်
~~~~~~~
ဖုန်း​ကောက်​ကိုင်​လိုက်​ချိန်
ဖုန်းမျက်​နာပြင်​မှာ
ပုရွက်​ဆိတ်​​လေးတစ်​​ကောင်​ကို​တွေ့လို့ 
လေနဲ့အသာမှုတ်​ထုတ်​တယ်
.
သေမှာ​ကြောက်​လွန်းလို့
ပြေး​နေလိုက်​တာ
ဘယ်​လို ​ပြေး​ပြေး
ပဋိစ္စ သမုပ္ပါဒ်​ စက်​ဝိုင်းလိုဘဲ
ဖုန်း​ပေါ်ဘဲ ပြန်​​ ပြန်​​ရောက်​လာတယ်
နောက်​ထပ်​တစ်​ခါ ပြန်​မှုတ်​ထုတ်​တယ်
သူ့​ခြေ​ထောက်​နဲ့ 
ချော​နေတဲ့ဖုန်းမျက်​နှာပြင်​ကို​တောင်​ 
အ​သေကုပ်​ထားလို့ ပြုတ်​မသွားဘူး
.
ကိုယ်​ကသာ
ဘယ်​လိုမှမဖြစ်​တာ
အဲဒီအချိန်​မှာ သူ့ အတွက်​​တော့
ထိတ်​လန့်​စရာ ​ဘေးကြီးတစ်​ခု
ဆိုက်​​နေမယ်​ဆိုတာ
အ​သေအခြာ
.
ဒါနဲ့ ပုရွက်​ဆိတ်​​လေးကို
လက်​နဲ့ အသာယူလိုက်​တဲ့အခါမှာ
ခေါင်း​လေးဘဲ ပါလာတယ်
စိတ်​ရှည်​ရှည်​နဲ့ အသာ​လေး
ဆက်​မှုတ်​​နေမယ်​ဆိုရင်​ မ​သေဘူး
စိတ်​မရှည်​လို့ ​သေတာ
စိတ်​မရှည်​တာဘာ​ကြောင့်​လဲ
ဒေါသစိတ်​​ကြောင့်
.
ကျမတို့ ထမင်းချက်​မလို့
ဆန်​​ဆေးတဲ့အခါ
ပုရွက်​ဆိတ်​​လေး​တွေကို မမြင်​ဘဲ
ဆေးမိတယ်
သူတို့တွေ ဆန်​ထဲမှာ 
တစ်​ချက်​ခုတ်​ နှစ်​ချက်​ပြတ်
အစာလည်းရ ​အေးလည်း​အေးလို့ ​နေ ​နေကြတာ
ဇ​ကော​လေးနဲ့ ပြန်​ပျာပြီး ချက်​ရမယ်
မဟုတ်​ရင်​ အများကြီး​ ​သေကုန်​လိမ့်​မယ်
ကိုယ်​က​တော့ ပြန်​ပျာရတဲ့
ဒုက္ခ​လေး​တွေ့ရတာ
ကိုယ်​ကမပျာမိတဲ့အတွက်​ သူတို့က​တော့
တ​စ်​ဆွေလုံး တစ်​မျိုးလုံး ​အမျိုးပြုတ်​ပြီး
သေကုန်​တဲ့ ဒုက္ခကြီးကို ​တွေ့ရတာ
.
တခါတ​လေ
ပုရွက်​ဆိတ်​က​လေးတစ်​​ကောင်​​လောက်
ကိုယ့်​ခန္ဓာ​ပေါ်မှာ တက်​လာတယ်​ဆိုရင်
သူရှိ​နေတာ ယားယားနဲ့မို့
အ​နှောက်​အယှက်​ဖြစ်​တယ်
လက်​နဲ့ဖမ်းရင်​ သေမှာဆိုးလို့
လက်​ကို တံ​တွေးစွတ်​ပြီး
အသာတို့ ဖယ်​လိုက်​ပြီး ကယ်​လိုက်​မိတယ်
.
ဒါ​ပေမဲ့ သတိထားကြည့်
ကိုယ်​ကယ်​တုန်းက
သူလှုပ်​​နေ​သေးလို့ မ​သေဘူးထင်ပြီး
ကယ်​လိုက်​တယ်​ထင်​တာ
တကယ်​​တော့ သူ့ကို ကိုယ်​က
အက်​ဆစ်​နဲ့တို့ လိုက်​မိတာ
ကိုယ့်​တံ​တွေးမှာပါတဲ့ အစာ​ချေဖျက်​တဲ့
အရည်​​က သူ့လိုသတ္တဝါပိစိ​လေး အတွက်
အက်​ဆစ်​မို့ ခဏ​နေသူ​ ပူ​လောင်​ပြီး​သေတယ်
.
တခါတ​လေ ကိုယ်​မကယ်​မိရင်
မ​သေဘူး ကိုယ်​ကယ်​လိုက်​မိခါမှ
သေသွားတဲ့ သတ္တဝါ​လေး​တွေရှိ​သေးတယ်
.
ဘာ​ပြောချင်​တာလဲဆို​တော့
တရားအားထုတ်​​နေတဲ့သူ​တွေအတွက်
ဒေါသစိတ်​ကို ​ပြောချင်​တာ
.
အပြင်​မှာ ​ဒေါသ​တွေထွက်​​နေမှ
ဒေါသ မဟုတ်​ဘူး
မိမိရဲ့ အတွင်းစိတ်​မှာ ရှိ​နေတဲ့
အ​ကြောင်းတိုက်​ဆိုင်​လို့ ​ပေါ်လာတဲ့
အနုသယ​ဒေါသကို မြင်​​အောင်​ကြည့်​ပါ
.
မိမိမှာရှိ​နေတဲ့ မမြင်​ရ​အောင်
ပုန်း​နေတဲ့ ​ဒေါသကို အခုလိုစစ်​​ဆေးပါ
ကိုယ့်​ရဲ့ အခုလို လုပ်​ရပ်​တိုင်းအတွက်
သူတို့​ သေ ​သေကုန်​မယ်​ဆိုတာကို
သတိမကပ်​မိဘဲ
ထပ်​ခါထပ်​ခါ အဲဒီလိုဖြစ်​​နေအုန်းမယ်​ဆိုရင်
ကိုယ်​ရဲ့ စိတ်​အတွင်းမှာ ​ဒေါသရှိ​နေတာကို
သိထားပါ
.
အမှတ်​မဲ့မို့ ဖြစ်​တာ
သေ​စေချင်​တဲ့ စိတ်​မရှိဘူးလို့
မထင်​လိုက်​နဲ့​နော်
သေ​စေချင်​စိတ်​ တိုက်​ရိုက်​မရှိ​ပေမဲ့
အတွင်းသဏ္ဌန်​မှာ မမြင်​နိုင်​တဲ့
မိမိ​ဒေါသစိတ်​ကို မိမိက မမြင်​တာ
အဲဒီလိုဖြစ်​မိတိုင်း ဖြစ်​မိတိုင်း
မိမိမှာ ​ဒေါသစိတ်​ ရှိ​နေပါလား
ဒေါသစိတ်​ရှိ​နေပါလား ဆိုတာ
သိ​နေရမယ်
.
ဘုရားက စိတ်​ဟာ
တစ်​စက္ကန့်​မှာ ကု​ဋေတစ်​သိန်းဖြစ်​ပြီး
ပျက်​သွားတယ်လို့​ဟောခဲ့တာ
မြန်​လွန်းတဲ့ မိမိစိတ်​ဖြစ်​စဉ်​ကို
မိ​အောင်​မကြည့်​နိုင်​လို့ ဖြစ်​တာ
အဲဒါ​ကြောင့်​ အတတ်​နိုင်​ဆုံး
စိတ်​ဖြစ်​တိုင်း စိတ်​ဖြစ်​တိုင်း
ပေါ်ရာ ​ပေါ်ရာ အာရုံ​တွေကို
ဘာဘဲ​ပေါ်​ပေါ် ​ပေါ်ချင်​တဲ့စိတ်​​ပေါ်
ပေါ်တဲ့စိတ်​ကို
အဆက်​မပြတ်​ သိ​နေရမယ်
.
ဘုရားက ​နောက်​ဆုံးအချိန်​ထိ
အပ္ပမာ​ဒေန သမ္မာ​ဒေထ
မ​မေ့ မ​လျော့ မ​ပေါ့မဆ ဘဲ
ထိဆဲ ​ပေါ်ဆဲ သိဆဲ
စိတ်​​အပျက်​တွေကို အဆက်​မပြတ်
မြင်​​အောင်​လို့ ကြည့်​ခိုင်းခဲ့တာ
အဲဒီလို ကြည့်​​နေမှ ​ ​ဒေါသကို
ဆင်​ချင်​ဥာဏ်​နဲ့ ပယ်​နိုင်​မှာ
.
အဲဒီ မမြင်​ရတဲ့
အနုစား​ဒေါသ​လေးကို ပယ်​နိုင်​လာရင်
အကြမ်းစား​ဒေါသကြီး​တွေ
ဖြစ်​ခွင့်​မရှိ​တော့ဘဲ 
ဒေါသအမျိုးပြုတ်​သွားလို့
သူတပါးအ​ပေါ် ​မေတ္တာ ထားနိုင်​ပြီး
မိမိရင်ထဲ နှလုံးထဲမှာ 
မေတ္တာဓာတ်​​တွေ​ကြောင့်​ ချမ်းသာစစ်​ကို
တွေ့ပြီး အေးငြိမ်းလာပါလိမ့်​မယ်​ ။

#Khin San San Naing
Credit: https://web.facebook.com/khinsansan.naing/posts/455368628227988

Comments

Popular Posts

"ကျွန်းကြီးလေးကျွန်း"

"မြင်းမိုရ်"

သေခြင်းကောင်းသော ဘ၀၊ လားရာကောင်းသော ဂတိ

"သီတဂူဆရာတော် ဘုန်းကြီးတယ်"ဆိုတာ