Posts

Showing posts from July, 2018

သူတပါးကို တန်ဖိုးချလိုက်ရင်...

Image
သူတပါးကို တန်ဖိုးချလိုက်ရင်... “If I devalue you, I devalue myself.” ~~~~~~~~~~~~~~~~~~~~~~~~~~ ဘုန်းကြီး ခဏခဏ ပြောဖူးတာရှိတယ်။ ကိုယ့်နားမှာ ရှိတဲ့ ခွေးတောင်ကြောက်သွားအောင် လန့်သွားအောင် မလုပ်သင့်ဘူး။ အမှန်ပြောရရင် ခွေးဆိုရင်လည်း ခွေးဣနြေ္ဒနဲ့ နေစေချင်တယ်။ တည်တည်ငြိမ်ငြိမ် ခံ့ခံ့ ညားညားနဲ့ စားချိန်တန်စား အိပ်ချိန်တန် ကောင်းကောင်းမွန်မွန် အိပ်၊ သန့်သန့်ရှင်းရှင်း သပ်သပ်ရပ်ရပ် နေ၊ သူ့တာဝန်ဖြစ်တဲ့ လူစိမ်းလာရင် အသိပေး ဆိုတာတွေ လုပ်ပြီး အေးအေးဆေးဆေး နေစေချင်တယ်။ ဒါ့အပြင် ခွေးဟာ သခင်ကို မေတ္တာအများကြီး ပေးပါတယ်။ ကိုယ်လည်း သူ့မေတ္တာ ရနေတာပါပဲ။ မေတ္တာ အပြန်အလှန် ဖြစ်နေမှ ကောင်းတယ်။ . အားလုံးပဲ ( လူဖြစ်ဖြစ်၊ တိရစ္ဆာန်ဖြစ်ဖြစ် ) သူ့တည်ကြည်ခံ့ညားမှုနဲ့ သူ ရှိစေချင်တယ်။ ကလေးလေးကအစ၊ ဘယ်လောက်ငယ်တဲ့ ကလေးလေး ပဲဖြစ်ဖြစ် သူ့မှာ သူ့တည်ကြည်မှုနဲ့သူ ရှိပါတယ်။ အဲဒီတော့ သူ့ကို မလေးမစား အနိုင်ယူတဲ့သဘောမျိုး၊ အနိုင်ကျင့်တဲ့သဘောထား အပြော အဆို၊ အမူအရာမျိုး မလုပ်သင့်ဘူး။ . ကလေးငယ်ငယ်လေးတစ်ယောက်ကို ငယ်ငယ်ကတည်းက လေးလေးစားစား ဆက်ဆံကြည့်ပ...

ငါစိတ်ချမ်းသာဖို့ သူလည်း…

Image
ငါစိတ်ချမ်းသာဖို့ သူလည်း… ~~~~~~~~~~~~~~~~ တည်ငြိမ်အေးချမ်းတဲ့စိတ်ဟာလည်း လူ့အရည်အချင်း တစ်ခုပဲ။ ဒါဟာ လူတိုင်းမှာ မျိုးစေ့အနေနဲ့ ရှိပြီးသားပါ။ လေ့ကျင့်ပြုစု ပျိုးထောင်ပေးဖို့ပဲ လိုတာ။ မရှိသေးတာကို ရှိအောင်လုပ်တာ မဟုတ်ဘူး။ ရှိပြီးသားကို အားကောင်းလာအောင် လေ့ကျင့်ပြုစု ပျိုးထောင်ပေးဖို့ပဲ လိုတာပါ။ . လူတစ်ယောက်ဟာ သတိ, သမာဓိကောင်းအောင် ကြိုးစားပြီးနေသွားမယ် ဆိုပါတော့…။ သမာဓိကောင်းရင် စိတ်က အတိတ်, အနာဂတ်ကိုတွေးတာ အလွန်နည်းသွားပြီးတော့ စိတ်က ကြည်လင်အေးချမ်းနေတယ်။ သတိကောင်းနေရင် နိုးကြားပြီးတော့ အရာရာတိုင်းကိုပါ သိလာတယ်။ ကိုယ့်ရဲ့အရည်အသွေးတွေ တက်လာပြီနော်။ သမာဓိက တည်ငြိမ်မှုကို ဖြစ်စေတယ်။ သတိက သိမှုကို ဖြစ်စေတယ်။ ဒီနှစ်ခုက တွဲနေတယ်။ သတိကောင်းရင် သမာဓိကောင်းတယ်, သမာဓိကောင်းရင် သတိကောင်းတယ်။ သတိ, သမာဓိကောင်းလို့ ဥာဏ်ပညာကြီးလာတဲ့သူဟာ ပိုပြီးတော့ သိနိုင်တယ်။ မြင်နိုင်တယ်, ခံစားနိုင်တယ်။ ကိုယ့်စိတ်ထဲမှာဖြစ်နေတာ ပြန်ကြည့်ရင်လည်း ပိုပြီးတော့ မြင်နိုင်တယ်။ ပိုပြီးတော့ သိနိုင်တယ်။ ပိုပြီးတော့ ခံစားလို့လည်း ရနိုင်ပါတယ်။ . ကိုယ့်အကြောင်းကို ပိုသိလေလေ သူတစ်ပါးကိုလည်း ကိုယ်ချင်းစာနိုင်လေလေ ဖြစ်လာတယ်...

“ကိုယ်ချင်းစာစိတ်နဲ့သီလ”

Image
ကိုယ်ချင်းစာစိတ်နဲ့သီလ ~~~~~~~~~~~~~~~~ ကိုယ်ချင်းစာနိုင်တာလည်း လူ့အရည်အချင်းတစ်ခုပဲ။ ငါဘယ်လောက် ကိုယ်ချင်းစာနိုင်သလဲ ဆိုတာ ကိုယ့်ကိုယ်ကို အမြဲတမ်း ပြန်မေးပါ။ “ငါအတတ်နိုင်ဆုံး ကိုယ်ချင်းစာမယ်” ဆိုတာတစ်ခုကို လက်ကိုင်ထားကြည့်ပါ။ လူတစ်ယောက်ကိုမြင်တာနဲ့ “ငါ ကိုယ်ချင်း စာတော့မယ်။ ငါ့ကို အေးအေး ဆေးဆေး လေးလေးစားစား တန်ဖိုးထားပြီးတော့ ပြောမယ်၊ ဆိုမယ်၊ ဆက်ဆံမယ်ဆိုရင် ငါကြိုက်တယ်။ ထို့အတူပဲ သူ့ကို ငါက အေးအေးဆေးဆေး ပြောမယ်။ ဒေါသနဲ့ မပြောဘူး၊ ကိုယ်ချင်းစာပြီးတော့ ပြောမယ်၊ လေးလေး စားစား ပြောမယ် ” - ဆိုတဲ့ စိတ်နဲ့ ပြောကြည့်၊ ဆက်ဆံရေးဟာ အများကြီး အဆင်ပြေ လာနိုင် ပါတယ်။ ဒီဆက်ဆံရေးထဲမှာပဲ ကိုယ့်ရဲ့ စိတ်နေသဘောထား ဟာ အင်မတန် မြင့်မြတ်တဲ့ စိတ်နေသဘောထား ဖြစ်လာနိုင်တယ်။ . ကိုယ်ချင်းစာလိုက်တာနဲ့ မြင့်မြတ်မှု ဖြစ်သွားပြီ။ ကိုယ်ချင်းစာတဲ့ စိတ်နဲ့ သူ့ကို ဆက်ဆံလိုက်တာဟာ သူ့ကို အကောင်းဆုံး လက်ဆောင်ပေးလိုက်တာပဲ။ ဒါဟာ ပစ္စည်းတစ်ခုကို ပေးတာမျိုး မဟုတ်ဘူး။ လူတစ်ယောက်ကို ပစ္စည်း တစ်ခုပေးတာနဲ့ လေးလေး စားစား ဆက်ဆံလိုက်တာနဲ့ အင်မတန်ကွာပါတယ်။ ဆက်ဆံရေ...

အထင်ကြီးခံရဖို့လုပ်တာဆိုရင်တော့...

Image
အထင်ကြီးခံရဖို့လုပ်တာဆိုရင်တော့... ~~~~~~~~~~~~~~~~~~~~ လွန်ခဲ့တဲ့လေးငါးရက်ခန့်က  တပည့်လေးတစ်ယောက် ရောက်လာပြီးတော့သူ့ဘ၀ထဲမှာ  ဖြစ်ခဲ့တဲ့ကိစ္စတစ်ခုနဲ့ ပတ်သက်ပြီး  သူခံစားရတာ  သိရတာကိုပြောပြတယ်။ သူကလည်း တရားဝါသနာပါသူဖြစ်တယ်။ တတ်နိုင် သလောက်သွားရင်း လာရင်းလုပ်ရင်း  ကိုင်ရင်း  ပြောရင်း ဆိုရင်း  သူ့စိတ်ထဲ ဖြစ်ပေါ်နေတာကို သတိထားလေ့ရှိတယ်သူက  ငါးပါးသီလကိုလည်း အတတ်နိုင်ဆုံး  ထိန်းသိမ်တယ်။  ရိုးသားတယ်။ ကူညီတတ်တယ်။  ပေးကမ်း  လှူဒါန်းတတ်တယ်။ . ဒါပေမယ့်သူ့စိတ်ထားတစ်ခုက  သူအဲဒီလိုသီလနဲ့ နေတယ်။  မဟုတ်တာ  မမှန်တာ မလုပ်ဘူးဆိုတာ ကိုတော့  သူများသိအောင်သူက  အမြဲတမ်းကြိုးစား လေ့ရှိတယ်။ ကိစ္စတစ်စုံတစ်ခုလုပ်တဲ့အခါမှာ သူများက  မမှန်ကန်တာ၊  မရိုးသားတာတွေ လိုက်လုပ်တယ်။ သူကမှန်မှန်ကန်ကန်  ရိုးရိုး သားသားလိုက်လုပ်တယ်ဆိုရင်  သူမှန်မှန်ကန်ကန် လုပ်တာကို သူများသိအောင်  သူကြိုးစားလေ့ရှိတယ်။ သူများမသိသေးလို့ရှိရင်  သူနေလို့ကိုမရဘူး။ မနေနိုင်ဘူး။ . အခုနောက်ပိုင်း  လေးငါးလလောက်အတွင်းမှာ သူတရားကို  ...