Posts

“အရှိထဲ အသိသွင်းပါ”

Image
ပြင်းထန်တဲ့ သံဝေဂဉာဏ် ~~~~~~~~~~~~~~ “အရှိထဲ အသိသွင်းပါ” လူဝတ်ကြောင်တွေမှာ မလုပ်မဖြစ် လုပ်ကိုလုပ်ရမယ့် လုပ်ငန်းကိစ္စတွေ ရှိတယ်။ စားဝတ်နေရေး အတွက် ငွေရှာရမယ်။ သားသမီးဝတ်၊ မိဘဝတ်၊ လင်ဝတ်၊ မယားဝတ် တွေကျေပွန်အောင် ဆောင်ရွက်ရမယ်။ မိမိ မွေးဖွားကြီးပြင်း နေထိုင်ရာ မြို့ရွာ နိုင်ငံအကျိုးအတွက် ပါဝင်ကူရမယ်။ ဒါဟာ လူပီသလိုတဲ့ လူသားတစ် ယောက် မပျက်မကွက် ထမ်းဆောင်ရတဲ့ အရာတွေဖြစ်တယ်။ “ဃရာဝါသော ဗဟုကိစ္စော- ကိစ္စများမြှောင် လူတို့ဘောင်” လို့ ဆိုတယ်မလား။ အဲဒီလို မြောက်များစွာလှတဲ့ လောကဝတ်တရားဆောင်ရွက်ရင်း အပိုထုတ်ကုန်တွေအဖြစ် လောဘ၊ ဒေါသ၊ မေဟာ အပူ တွေပါ ပူးတွဲခံစားရတယ်။ သတ္တဝါတွေက သုခကိုသာ ခံစားလိုကြပါတယ်။ သုခနဲ့အတူ ကပ်ပါလာတတ်တဲ့ ဒုက္ခဆိုတာကိုတော့ လက်မခံချင်ကြပါဘူး။ ဘယ်ရလိမ့်မလဲနော်။ ဘဝဆိုတာကြီးကိုက အသားနည်းပြီး အရိုးများတဲ့ အမဲရိုးလိုပါပဲ။ သုခက နည်း ပြီး ဒုက္ခက များနေတာ ဘဝပါ။ မသိလို့သာ သုခအဖြစ် ထင်နေကြရတာ။ အပူတွေကို ခွာတော့ခွာချင်ပါတယ်။ ဒါပေမယ့် လောကဝတ်တရားတွေကလည်း ရှိနေတော့ ခွာဖို့ ခက်နေတယ်လို့ တချို့ ငြီးတွားကြပါတယ်။ လူဟာ လူတောထဲမှာ နေသေးရင်တော့ လူမှုတာဝန်တွေ ထမ်းကို ထမ်းရပါမယ်။ လ...

“ခန္ဓာကိုယ်ကြီး နာချင်နာပါစေ။စိတ်မနာပါစေနဲ့”

Image
❖စိတ်မနာပါစေနဲ့❖ ❖တစ်ခါတုန်းက နကုလ ပိတာဆိုတဲ့ ဒကာကြီး တစ်ယောက်ရှိတယ်။ သူက မြတ်စွာဘုရားနဲ့ အလွန် ရင်းနှီးတယ်။ ဘ၀ကလည်း မြတ်စွာဘုရားနဲ့ အမျိုးတော်ခဲ့တဲ့ ဘ၀တွေကများတော့ ဘုရားကို သူ့သားလို့ သူက ယူဆတယ်။ သံသရာက အချစ်နဲ့ မြတ်စွာဘုရား အပေါ်မှာ သံယောဇဉ်ဖြစ်တယ်။ သို့ သော် အဲဒီ အချိန်မှာ သူက တရားထူး တရားမြတ်ရပြီးတဲ့ ပုဂ္ဂိုလ်ဖြစ်နေပြီ။ အနာဂါမ်အဆင့်လောက် ရောက်နေပြိ အသက်အရွယ်ကြီးလာလို့ ကျန်းမာမှုတွေ ယိုယွင်းလာတဲ့အ ခါမှာ ဘုရားဆီကို အရောက်နိုင်ဘူး။တစ်နေ့တော့ ရောဂါဝေဒနာသက်သာလို့ ကြိုးစားပြီးတော့ ကျောင်းရောက်လာတယ်။ ❖ရောက်လာတဲ့ အခါ ဘာပြောတုန်းဆိုတော့ “တပည့်တော် ဘုရား…တဲ့ ၊အသက်အရွယ်ကလည်း ကြီးပြီ။ အရှင်ဘုရားဆီလည်း မလာနိုင်ဘူး။ခန္ဓာကိုယ်ကလည်း အမြဲတမ်း နာတာ၊ကျင်တာ၊ ကိုက်တာ၊ခဲတာတွေ ဖြစ်နေတယ်။ အဲဒါကြောင့်မို့လို့ တပည့်တော်ကို ဆုံးမသြ၀ါဒလေးပေးပါဦး”လို့ လျှောက်တယ်။ အဲဒီအခါ မြတ်စွာဘုရားက “အေး…ဟုတ်တာပေါ့။ ခန္ဓာကိုယ်ကြီးဆိုတာ အမြဲတမ်း နာနေတာပဲ” ဘယ်လောက် ကျန်းမာတဲ့လူ ဖြစ်ပါစေလေ။ ဣရိယာပုထ် မပြောင်းဘဲနဲ့ နေကြည့်လိုက်။ body posture တွေက ပြောင်းနေရတာ။ ထိုင်တာကြာရင် ညောင်းလာတာပဲ။ အိပ်တာ ကြာလာရင် ညောင်းလာတာပဲ...

ဥပုသ်သည် မာတာ

Image
ဥပုသ်သည်မာတာ ========= သူဝေး (တမာမြေ) (၁) ဥပုသ်နေ့ရောက်တိုင်း အမေဘုန်းကြီးကျောင်းသွား သီလယူတယ်။ အမေကသီလကျိုးမှာ အလွန်ကြောက်တယ်။ အထူးသဖြင့် သူ့ကြောင့် အခြားသတ္တဝါတွေ နာကျင်ရမှာ အမေအကြောက်ဆုံးပဲ။ ကျွန်တော်မှတ်မိသမျှသိသမျှ ပြောရ ရင် ပုရွက်ဆိတ်တစ်ကောင်ကအစ အမေ မသတ်ခဲ့ဖူးဘူး။ ပြီးတော့ အမေက နွားသား(အမဲသား)ကို မစားဘူး။ အမေ့ အိမ်ကနွားမကြီး ရုတ်တရက်သေပြီးကတည်းက အမေ အမဲသား မစားခဲ့တာ။ အညာသူပီပီနွားချစ်တဲ့အမေလေ၊ အဲဒီနွားမကြီးသေတော့ အမေငိုရှာသတဲ့။ နွားချည်တိုင်း ကြည့်ပြီပေါ့။ ဒါပေမယ့် အမဲသားမစားရက်တဲ့အမေ သား အတွက် စားခဲ့ရရှာတယ်လို့ အဘွားပြောပြဖူးတာက ဒီလို။ ''ငါ့မြေးအမေကလေ အမဲသားစားရမှာ သေအောင် ကြောက်ရှာတာ မစားရက်တာပေါ့ကွယ်။ ငါ့မြေးလေးမွေးပြီး တော့ နို့ရည်ကမထွက်ရှာဘူး။ အဲ့တော့ အညာဆေးဓလေ့ အရ နွားသား၊ နွားအမြီးကျိုသောက်ရတယ်။ သူ့ခမျာ သားကိုချစ်လို့သာ သောက်ရစားရတာ အရသာထက် သားအားရှိဖို့ ကြိတ်မှိတ်သောက်ရရှာသကွဲ့'' အဘွားအဲဒီစကားပြောပြတာ ကျွန်တော်အိမ်ထောင် ကျတဲ့အချိန်မှာ ဘာရည်ရွယ်ချက်နဲ့ ပြောပြတယ်ဆိုတာ သိသလိုလို မသိသလိုလိုနဲ့။ အင်းလို့သာ ထောက်ခဲ့ပြီး ဟုတ်လို့သာ ခေ...

ပုရွက်​ဆိတ်

Image
ပုရွက်​ဆိတ်​ ~~~~~~~ ဖုန်း​ကောက်​ကိုင်​လိုက်​ချိန်​ ဖုန်းမျက်​နာပြင်​မှာ ပုရွက်​ဆိတ်​​လေးတစ်​​ကောင်​ကို​တွေ့လို့ ​ လေနဲ့အသာမှုတ်​ထုတ်​တယ်​ . ​သေမှာ​ကြောက်​လွန်းလို့ ​ပြေး​နေလိုက်​တာ ဘယ်​လို ​ပြေး​ပြေး ပဋိစ္စ သမုပ္ပါဒ်​ စက်​ဝိုင်းလိုဘဲ ဖုန်း​ပေါ်ဘဲ ပြန်​​ ပြန်​​ရောက်​လာတယ်​ ​နောက်​ထပ်​တစ်​ခါ ပြန်​မှုတ်​ထုတ်​တယ်​ သူ့​ခြေ​ထောက်​နဲ့ ​ ချော​နေတဲ့ဖုန်းမျက်​နှာပြင်​ကို​တောင်​ ​ အ​သေကုပ်​ထားလို့ ပြုတ်​မသွားဘူး . ကိုယ်​ကသာ ဘယ်​လိုမှမဖြစ်​တာ အဲဒီအချိန်​မှာ သူ့ အတွက်​​တော့ ထိတ်​လန့်​စရာ ​ဘေးကြီးတစ်​ခု ဆိုက်​​နေမယ်​ဆိုတာ အ​သေအခြာ . ဒါနဲ့ ပုရွက်​ဆိတ်​​လေးကို လက်​နဲ့ အသာယူလိုက်​တဲ့အခါမှာ ​ခေါင်း​လေးဘဲ ပါလာတယ်​ စိတ်​ရှည်​ရှည်​နဲ့ အသာ​လေး ဆက်​မှုတ်​​နေမယ်​ဆိုရင်​ မ​သေဘူး စိတ်​မရှည်​လို့ ​သေတာ စိတ်​မရှည်​တာဘာ​ကြောင့်​လဲ ​ဒေါသစိတ်​​ကြောင့်​ . ကျမတို့ ထမင်းချက်​မလို့ ဆန်​​ဆေးတဲ့အခါ ပုရွက်​ဆိတ်​​လေး​တွေကို မမြင်​ဘဲ ​ဆေးမိတယ်​ သူတို့တွေ ဆန်​ထဲမှာ ​ တစ်​ချက်​ခုတ်​ နှစ်​ချက်​ပြတ်​ အစာလည်းရ ​အေးလည်း​အေးလို့ ​နေ ​နေကြတာ ဇ​ကော​လေးနဲ့ ပြန်​ပျာပြီး ချက်​ရမယ်​ မဟုတ...

သူတပါးကို တန်ဖိုးချလိုက်ရင်...

Image
သူတပါးကို တန်ဖိုးချလိုက်ရင်... “If I devalue you, I devalue myself.” ~~~~~~~~~~~~~~~~~~~~~~~~~~ ဘုန်းကြီး ခဏခဏ ပြောဖူးတာရှိတယ်။ ကိုယ့်နားမှာ ရှိတဲ့ ခွေးတောင်ကြောက်သွားအောင် လန့်သွားအောင် မလုပ်သင့်ဘူး။ အမှန်ပြောရရင် ခွေးဆိုရင်လည်း ခွေးဣနြေ္ဒနဲ့ နေစေချင်တယ်။ တည်တည်ငြိမ်ငြိမ် ခံ့ခံ့ ညားညားနဲ့ စားချိန်တန်စား အိပ်ချိန်တန် ကောင်းကောင်းမွန်မွန် အိပ်၊ သန့်သန့်ရှင်းရှင်း သပ်သပ်ရပ်ရပ် နေ၊ သူ့တာဝန်ဖြစ်တဲ့ လူစိမ်းလာရင် အသိပေး ဆိုတာတွေ လုပ်ပြီး အေးအေးဆေးဆေး နေစေချင်တယ်။ ဒါ့အပြင် ခွေးဟာ သခင်ကို မေတ္တာအများကြီး ပေးပါတယ်။ ကိုယ်လည်း သူ့မေတ္တာ ရနေတာပါပဲ။ မေတ္တာ အပြန်အလှန် ဖြစ်နေမှ ကောင်းတယ်။ . အားလုံးပဲ ( လူဖြစ်ဖြစ်၊ တိရစ္ဆာန်ဖြစ်ဖြစ် ) သူ့တည်ကြည်ခံ့ညားမှုနဲ့ သူ ရှိစေချင်တယ်။ ကလေးလေးကအစ၊ ဘယ်လောက်ငယ်တဲ့ ကလေးလေး ပဲဖြစ်ဖြစ် သူ့မှာ သူ့တည်ကြည်မှုနဲ့သူ ရှိပါတယ်။ အဲဒီတော့ သူ့ကို မလေးမစား အနိုင်ယူတဲ့သဘောမျိုး၊ အနိုင်ကျင့်တဲ့သဘောထား အပြော အဆို၊ အမူအရာမျိုး မလုပ်သင့်ဘူး။ . ကလေးငယ်ငယ်လေးတစ်ယောက်ကို ငယ်ငယ်ကတည်းက လေးလေးစားစား ဆက်ဆံကြည့်ပ...

ငါစိတ်ချမ်းသာဖို့ သူလည်း…

Image
ငါစိတ်ချမ်းသာဖို့ သူလည်း… ~~~~~~~~~~~~~~~~ တည်ငြိမ်အေးချမ်းတဲ့စိတ်ဟာလည်း လူ့အရည်အချင်း တစ်ခုပဲ။ ဒါဟာ လူတိုင်းမှာ မျိုးစေ့အနေနဲ့ ရှိပြီးသားပါ။ လေ့ကျင့်ပြုစု ပျိုးထောင်ပေးဖို့ပဲ လိုတာ။ မရှိသေးတာကို ရှိအောင်လုပ်တာ မဟုတ်ဘူး။ ရှိပြီးသားကို အားကောင်းလာအောင် လေ့ကျင့်ပြုစု ပျိုးထောင်ပေးဖို့ပဲ လိုတာပါ။ . လူတစ်ယောက်ဟာ သတိ, သမာဓိကောင်းအောင် ကြိုးစားပြီးနေသွားမယ် ဆိုပါတော့…။ သမာဓိကောင်းရင် စိတ်က အတိတ်, အနာဂတ်ကိုတွေးတာ အလွန်နည်းသွားပြီးတော့ စိတ်က ကြည်လင်အေးချမ်းနေတယ်။ သတိကောင်းနေရင် နိုးကြားပြီးတော့ အရာရာတိုင်းကိုပါ သိလာတယ်။ ကိုယ့်ရဲ့အရည်အသွေးတွေ တက်လာပြီနော်။ သမာဓိက တည်ငြိမ်မှုကို ဖြစ်စေတယ်။ သတိက သိမှုကို ဖြစ်စေတယ်။ ဒီနှစ်ခုက တွဲနေတယ်။ သတိကောင်းရင် သမာဓိကောင်းတယ်, သမာဓိကောင်းရင် သတိကောင်းတယ်။ သတိ, သမာဓိကောင်းလို့ ဥာဏ်ပညာကြီးလာတဲ့သူဟာ ပိုပြီးတော့ သိနိုင်တယ်။ မြင်နိုင်တယ်, ခံစားနိုင်တယ်။ ကိုယ့်စိတ်ထဲမှာဖြစ်နေတာ ပြန်ကြည့်ရင်လည်း ပိုပြီးတော့ မြင်နိုင်တယ်။ ပိုပြီးတော့ သိနိုင်တယ်။ ပိုပြီးတော့ ခံစားလို့လည်း ရနိုင်ပါတယ်။ . ကိုယ့်အကြောင်းကို ပိုသိလေလေ သူတစ်ပါးကိုလည်း ကိုယ်ချင်းစာနိုင်လေလေ ဖြစ်လာတယ်...

“ကိုယ်ချင်းစာစိတ်နဲ့သီလ”

Image
ကိုယ်ချင်းစာစိတ်နဲ့သီလ ~~~~~~~~~~~~~~~~ ကိုယ်ချင်းစာနိုင်တာလည်း လူ့အရည်အချင်းတစ်ခုပဲ။ ငါဘယ်လောက် ကိုယ်ချင်းစာနိုင်သလဲ ဆိုတာ ကိုယ့်ကိုယ်ကို အမြဲတမ်း ပြန်မေးပါ။ “ငါအတတ်နိုင်ဆုံး ကိုယ်ချင်းစာမယ်” ဆိုတာတစ်ခုကို လက်ကိုင်ထားကြည့်ပါ။ လူတစ်ယောက်ကိုမြင်တာနဲ့ “ငါ ကိုယ်ချင်း စာတော့မယ်။ ငါ့ကို အေးအေး ဆေးဆေး လေးလေးစားစား တန်ဖိုးထားပြီးတော့ ပြောမယ်၊ ဆိုမယ်၊ ဆက်ဆံမယ်ဆိုရင် ငါကြိုက်တယ်။ ထို့အတူပဲ သူ့ကို ငါက အေးအေးဆေးဆေး ပြောမယ်။ ဒေါသနဲ့ မပြောဘူး၊ ကိုယ်ချင်းစာပြီးတော့ ပြောမယ်၊ လေးလေး စားစား ပြောမယ် ” - ဆိုတဲ့ စိတ်နဲ့ ပြောကြည့်၊ ဆက်ဆံရေးဟာ အများကြီး အဆင်ပြေ လာနိုင် ပါတယ်။ ဒီဆက်ဆံရေးထဲမှာပဲ ကိုယ့်ရဲ့ စိတ်နေသဘောထား ဟာ အင်မတန် မြင့်မြတ်တဲ့ စိတ်နေသဘောထား ဖြစ်လာနိုင်တယ်။ . ကိုယ်ချင်းစာလိုက်တာနဲ့ မြင့်မြတ်မှု ဖြစ်သွားပြီ။ ကိုယ်ချင်းစာတဲ့ စိတ်နဲ့ သူ့ကို ဆက်ဆံလိုက်တာဟာ သူ့ကို အကောင်းဆုံး လက်ဆောင်ပေးလိုက်တာပဲ။ ဒါဟာ ပစ္စည်းတစ်ခုကို ပေးတာမျိုး မဟုတ်ဘူး။ လူတစ်ယောက်ကို ပစ္စည်း တစ်ခုပေးတာနဲ့ လေးလေး စားစား ဆက်ဆံလိုက်တာနဲ့ အင်မတန်ကွာပါတယ်။ ဆက်ဆံရေ...