Posts

Showing posts from June, 2018

“လောကဓံတွေ ရင်ဆိုင်ရတဲ့အခါ ခိုင်မာတဲ့စိတ်ဓာတ် ဘယ်လိုထားမလဲ”

Image
 လောကဓံတွေ ရင်ဆိုင်ရတဲ့အခါ   လောကမှာ နေရတဲ့အချိန် …. လောကသဘော (၈) မျိုးကိုတော့   တွေ့နေရမှာပဲ … ကိုယ်ရချင်တာ ရတယ်ဆိုတဲ့ အလှည့်  တွေ့ရသလို … ကိုယ်ရချင်တာတွေ မရဘူးဆိုတာလည်း   တွေ့လိမ့်မယ် … အခြံအရံရှိတာလည်း   တွေ့ရသလို … အခြံအရံ ကင်းမဲ့တဲ့အခါမျိုးလည်း   တွေ့ရမယ် … ကဲ့ရဲ့ခံရတဲ့အခါ တွေ့ရသလို … ချီးမွမ်းခံရတာလည်း တွေ့ရလိမ့်မယ် … ချမ်းသာသုခ ရတယ်ဆိုတဲ့ အခါရှိသလို … ဆင်းရဲဒုက္ခ ကြုံတွေ့ရတဲ့အခါဆိုလည်း ရှိလိမ့်မယ် … အဲဒီလို   လောကဓံမုန်းတိုင်းတွေနဲ့ ကြုံတွေ့ရတဲ့အခါတိုင်း …. `သြော် … ဘယ်အရာမှ မမြဲပါလား … ထာဝရ မဟုတ်ဘူး … တစ်ခဏသာဖြစ်တယ်` လို့ ဆင်ခြင်ရမယ် …. အကောင်းလောကဓံကြောင့်လည်း   လောဘ မဖြစ်အောင် … အဆိုးလောကဓံကြောင့်လည်း    ဒေါသ မဖြစ်အောင် အမြဲဆင်ခြင်နေရမယ် …..   (ပါမောက္ခချုပ်ဆရာတော်   ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ)

“အဖွဲ့အသင်း ပျက်စီးကြောင်း (၉) ပါး”

Image
“ အဖွဲ့အသင်း  ပျက်စီးကြောင်း (၉) ပါး ” ၁။  စည်းဝေးမကျင်း၊  ဆွေးနွေးကင်း၊  ဖွဲ့သင်းပျက်မည်မှတ်။ ၂။  တိုင်ပင်ချင်းချင်း၊ မပြုလျင်း၊  ဖွဲ့သင်းပျက်မည်မှတ်။ ၃။  စည်းဝေးရှောင်ကွင်း၊  ၀တ်လစ်ဟင်း၊  ဖွဲ့သင်းပျက်မည်မှတ်။ ၄။  အလုပ်ဆိုပျင်း၊  လေပေါခြင်း၊  ဖွဲ့သင်းပျက်မည်မှတ်။ ၅။  ခေါင်းဆောင်ညံ့ဖျင်း၊  မသန့်ရှင်း၊  ဖွဲ့သင်းပျက်မည်မှတ်။ ၆။  လုပ်အားမသွင်း၊  မှီခိုခြင်း၊  ဖွဲ့သင်းပျက်မည်မှတ်။ ၇။  အုပ်ချုပ်မှုကင်း၊  မနိုင်နင်း၊  ဖွဲ့သင်းပျက်မည်မှတ်။ ၈။  သစ္စာမဲ့ကင်း၊  ကျင့်ချိုယွင်း၊  ဖွဲ့သင်းပျက်မည်မှတ်။ ၉။  မနိုင်မနင်း၊  စာရင်းအင်း၊  ဖွဲ့သင်းပျက်မည်မှတ်။ #ဆွမ်းဦးပုညရှင်  

“ဗလငါးတန်နှင့် အခြေခံ အဆောက်အအုံ”

Image
“ ဗလငါးတန်နှင့် အခြေခံ အဆောက်အအုံ ” ကိုစောနောင်ကား ဂျာနယ်များ၊ သတင်းစာများတွင် စာတိုပေစများ ရေးသားသကဲ့သို့ အလျဉ်းသင့်သလို သူ ရေးထားသည့်စာများကို စုပေါင်းကာ စာအုပ်လည်း ထုတ်ဖူးသည်။ ထို့ကြောင့် သူ့ကိုအချို့က စာရေးဆရာဟုလည်း ခေါ်ကြ၏။ သူ အဓိက ဇောင်းပေးရေးသားသည့် အကြောင်းရာကား လူငယ်လူရွယ်များ စိတ်ဓာတ်တက်ကြွကာ ဘ၀ကို အရှုံးမပေးရေးဘက်မှ ရပ်တည်ရေးသားလေ့ရှိသည်။ သူ့ဇာတ်ကောင်များသည် မဟာဇနက္ကကို စံထားသူများဖြစ်ကြလေ၏။ တစ်နေ့က သူသည် အစ်ကိုဝမ်းကွဲတော်သူ ပန်းထိမ်ဆရာကြီး ဦးလှရွှေထံ အလည်သွားခဲ့၏။ သူ့အစ်ကိုက သူ၏ဧည့်ခန်းတွင် ရောက်နေသော ညီတော်မောင်ကို ယခုကဲ့သို့ မေးလေ၏။ “မင်းက တက်ကျမ်းလိုလို ဘာလိုလို စာတွေ ရေးနေတယ်ကြားတယ်။ ငါတို့လည်း ငယ်ငယ်က ဆရာကြီးပီမိုးနင်းတို့၊ ဘာတို့ဖတ်ခဲ့ဖူးပါတယ်။ နောက်ပိုင်း မင်းတို့ခေတ်မှာ ပေါ်လာတဲ့ စာရေးဆရာသစ်တွေရေးတဲ့ စာတွေလည်း ကြုံရင်ကြုံသလို ဖတ်တာပဲ။ ဒီစာမျိုးက ကောင်းတော့ ကောင်းပါတယ်။ ဒါပေမဲ့…” ဟုဆိုပြီး စကားကိုရပ်ထားသဖြင့် သူသည် သူ့အစ်ကို ပန်းထိမ်ဆရာက ဘာဆက်ပြောမလဲဆိုသည်ကို နားစွင့်နေလေ၏။ မျက်လုံးများကလည်း သူ့အစ်ကိုကို စူးစူးစိုက်စိုက် ကြည့်နေလေသည်။ သူ့အစ်ကိုထံမှ ...

“ပရဟိတလုပ်ခြင်းရဲ့ အကျိုးကျေးဇူး(၁၀)ရပ်”

Image
“ ပရဟိတလုပ်ခြင်းရဲ့ အကျိုးကျေးဇူး(၁၀)ရပ် ” ပရဟိတဆိုတာ သူတစ်ပါးအကျိုးကို ဆောင်ရွက်ခြင်းပါ။ ဒါပေမဲ့ အဲဒီလို လုပ်နေတဲ့ တစ်ချိန်တည်းမှာပဲ ကိုယ့်အတွက်လည်း အကျိုးရှိစေပါတယ်။ ပရဟိတအဖွဲ့တစ်ခုခုမှာ လုပ်ဖူးသူ၊ လုပ်နေသူ၊ တစ်နည်းအားဖြင့် ပရဟိတသမား တစ်ယောက်နဲ့ လုပ်ငန်းခွင်မှာ အတူတွဲလုပ်ရတာဟာ သာမန်လူထက်စာရင် ပိုအဆင်ပြေတတ်တာကို သတိထားမိတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပရဟိတအလုပ်က ဒီလိုအကျိုးကျေးဇူးတွေ ရစေခဲ့လို့ပါပဲ။ ■ ၁။ အပင်ပန်း ခံနိုင်လာခြင်း ပရဟိတအလုပ် အားလုံးနီးပါးဟာ လိုအပ်တဲ့ေ နေရာတွေ၊ ဆင်းရဲတဲ့ နေရာတွေမှာ လုပ်ရတာ ဖြစ်ပါတယ်။ အဲဒီနေရာကို သွားပြီဆိုကတည်းက သက်သောင့် သက်သာတော့ မရှိပါဘူး။ မိုးတွင်းမှာဆို ဗွက်တွေ ပေတယ်။ နွေနဲ့ဆောင်း ဆိုလည်း ရာသီဥတု ဒဏ်ခံရတယ်။ ဝေးလံသီခေါင်တဲ့ ဒေသတွေဆို ပိုလို့တောင်မှ ပင်ပန်းပါသေးတယ်။ ဒီလို ပရဟိတခရီးတွေ အသွားများလာတဲ့အခါမှာ လူက အပင်ပန်း ခံနိုင်လာတယ်။ ဒေါင်ကျကျ ပြား ကျကျ နေတတ်လာတယ်။ ဟိုဟာရှိမှ၊ ဒီဟာရှိမှ ဆိုတာမျိုးတွေ မဖြစ်တော့ဘူး။ အလုပ်ထဲ ရောက်တော့လည်း တော်ရုံပင်ပန်းမှုလောက်ကို စာမဖွဲ့တော့ဘူး။ ကိစ္စနည်းနည်းနဲ့ အလုပ်ဖြစ်အောင် လုပ်တတ်လာတယ်။ ■၂။ ဒုက္ခတွေကို သိ...

“ လောကနိဒါန်း”

Image
“ လောကနိဒါန်း”  ၁ ။ အလင်းဆိုတာ  အမှောင်ဖြစ်ဖို့   နိဒါန်းပါ ။ ၂ ။ ရွက်နုဆိုတာ   ရွက်ဟောင်းဖြစ်ဖို့  နိဒါန်းပါ ။ ၃ ။ တွေ့ဆုံခြင်းဟာ   ခွဲခွါခြင်းရဲ့  နိဒါန်းပါ ။ ၄ ။ ရယ်မောခြင်းဟာ  ငိုကြွေးခြင်းရဲ့  နိဒါန်းပါ ။ ၅ ။ နီးစပ်ခြင်းဟာ  ဝေးကွာခြင်းရဲ့  နိဒါန်းပါ ။ ၆ ။ အချစ်ဆိုတာ   အမုန်းအတွက်  နိဒါန်းပါ ။ ၇ ။ ကြင်နာခြင်းဟာ   နာကြင်ခြင်းရဲ့   နိဒါန်းပါ ။ ၈ ။ အခက်အခဲဆိုတာ  အောင်မြင်မှုရဲ့   နိဒါန်းပါ ။ ၉ ။ စွဲလမ်းခြင်းဟာ  သောကဖြစ်ဖို့   နိဒါန်းပါ ။ ၁၀ ။ ထိုနည်းတူစွာ မွေးဖွားခြင်းဟာလည်း သေဆုံးခြင်းအတွက်   နိဒါန်းပါ ။ #တာတပေါမြေ - စောစိန်ပန်း။

“စိတ်ညစ်နေသူအတွက် နည်းကောင်း (၅)ချက်”

Image
စိတ်ညစ်နေသူအတွက် နည်းကောင်း (၅)ချက် --------------------------------------------------- နည်းမသိရင် စိတ်က ညစ်သည်ထက် ညစ်မှာ သေချာပါတယ်။ဘာဖြစ်လို့လဲဆိုတော့ စိတ်မကြည်လင်ဘဲ စိတ်အမှောင်ထဲမှာပဲ တ၀ဲဝဲလည်နေလို့ ဖြစ်တယ်။ စိတ်ကို သတိနဲ့ ထိန်းနိုင်ရမယ်။ စိတ်ဆင်းရဲရင် သတိနဲ့ထိန်းနိုင်အောင် လေ့ကျင့်ရမယ်။     ၁။စိတ်ညစ်တာ ၂။ထိတ်လန့်တာ ၃။စိုးရိမ်ကြောင့်ကြတာ ၄။အားငယ်တာတွေ ပေါ်လာခဲ့ရင်   ဆက်လက်ပြီး တွေးမနေဘဲ အတွေးကို ချက်ချင်း ရပ်ပစ်ရမယ်။မရပ်လို့ကတော့ စိတ်ညစ် တာကပဲ ပတ်ချာလည်နေမှာပဲ။ အဲဒီ မကောင်းတဲ့အာရုံအစား ပြောင်းလဲတွေးရမှာကတော့... ၁။တည်ငြိမ်တာ ၂။သတ္တိရှိတာ ၃။ဇွဲရှိတာ ၄။ပျော်ရွှင်တာတွေ ဖြစ်တယ်။ စိတ်ဆင်းရဲတာကိုရပ်ပြီး ငါဟာ ယခုအချိန်ကစလို့စိတ်တည်ငြိမ်စွာ လုပ်တော့မယ်လို့ ဆုံးဖြတ်ရမယ်။ ၁။..ပထမဆုံးနည်းတစ်နည်းက ...။  ဘယ်လိုလဲဆိုတော့ စိတ်ဆင်းရဲနေပေမယ့်၊ အခက်အခဲကြုံနေပေမယ့် အပြင်ပန်းအားဖြင့် ပျော်ပျော်ရွှင်ရွှင် နေရမယ်။ တတ်နိုင်သမျှ ဖြစ်နေတဲ့စိတ်ကို တည်တည်ငြိမ်ငြိမ် ထားရမယ်။ မိမိ ကြုံတွေ့နေရတဲ့အဖြစ်ကို ရယ်စရာ သဘော၊ ဟာသသဘော ပြောင်းသွားအောင် စိတ်ကူးရမယ်။ ရယ်ပစ်ရမယ်။ ...

ရာဘင်ဒြာနတ်တဂိုး

Image
လူဟာ တိရစ္ဆာန်  စိတ်ပေါက်ရင် တိရစ္ဆာန်  စစ်စစ်ထက်  ပိုပြီးဆိုးတယ်။ #ရာဘင်ဒြာနတ်တဂိုး

" မဟာဗောဓိမြိုင်ဆရာတော်ကြီးဩဝါဒ " နောက်တစ်ခါ လူလာဖြစ်ရင် ဒီအခွင့်အရေး ဘာမှမရှိ

Image
" မဟာဗောဓိမြိုင်ဆရာတော်ကြီးဩဝါဒ " နောက်တစ်ခါ လူလာဖြစ်ရင် ဒီအခွင့်အရေး ဘာမှမရှိ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ ခုလူတွေ ရှေးကနဲ့ စာရင် တော်တော်ရိုင်းလာတယ်၊ တော်တော်ဆိုးလာတယ်၊ သို.သော် နောက်လာမယ့်လူတွေနဲ.စာရင် ဒါတွေ တော်တော် တော်တယ်နော်။  နောက်ပေါင်းရမယ့်လူတွေကလည်း  ခုလိုလူမျိုးခုလို  ပတ်ဝန်းကျင်မျိုး  မဟုတ်တော့ဘူးဗျ။ ဆုတ်ခေတ်  နက်ဖြန်ခါ  ဒီထက်ဆုတ်မယ်၊  နောက်နေ. ဒီထက်ဆုတ်မယ်။ တက်လိမ့်မယ်မထင်နဲ.။ ဆုတ်ခေတ်၊ ဆုတ်တာက ရိုးရိုးဆုတ်တာမဟုတ်ဘူး၊ တလိမ်.လိမ်.ဆုတ်နေတာ။ များများမဟုတ်ဘူး၊ နောက်ထပ် နှစ်ဆယ်လောက် ဆက်နေကြည်.၊ အဲဒီအခါ အခုလက်ရှိလူတွေကို ကျေးဇူးတင်လိမ်.မယ်။ တစ်ဘ၀နဲ.ပြီးမှာ မဟုတ်ဘူးနော်၊ ပြီးတော. ကျင့်နည်းကလည်းသာသနာနဲ.ကြုံမှ ၊ တို့ က သာသနာရှိနေတုန်း တခြားရောက်နေရင် ဒီနည်းသည် တို့ နဲ့ မဆိုင်၊ သာသနာတို့ နဲ့မဆိုင်ဖြစ်သွားမယ်နော်။ အရူပဘုံ၊ ရူပဘုံဆိုတဲ့နေရာမျိုး. တစ်ဖက်သတ်အကျင့်နဲ.ရောက်သွားရင်လည်း တို.သာသနာနဲ.လွဲမှာနော်၊ သာသနာက နှစ်ထောင့်ငါးရာကျော်ပြီလေ၊ နောက်တစ်ခါလူလာဖြစ်ရင် ဒီသာသနာရှိမှာလား ။ နောက်တစ်ခါလူလာဖြစ် သာသနာကြုံဖို.တော်တော်ခက်မ...

“လူသစ် စိတ်သစ်”

Image
“ လူသစ်  စိတ်သစ် ” လူသစ်  စိတ်သစ်  ဖြစ်ချင်ရင်   အတိတ်ကို   အားမကိုးပါနဲ့ ပစ္စုပ္ပန်မှာ အကောင်းဆုံးဖြစ်အောင် နေပါ။ ပစ္စုပ္ပန်မှာ အကောင်းဆုံးဖြစ်အောင် နေတတ်ရင် အနာဂတ်အတွက်  ပူပန်သောကတွေဟာ  အလိုလို  နည်းသွားလိမ့်မယ်။ အရေးအကြီးဆုံးအချက်က  ကိုယ့်စိတ်ပဲ။ ကိုယ့်စိတ်က  အတိတ်မှာ  ပိတ်မိမနေဖို့ပဲ။ #ဆရာတော်ဦးဇောတိက

“ကိုယ့်အနီးအနားကလူ သတိထား”

Image
“ကိုယ့်အနီးအနားကလူ သတိထား” သူတောင်းစားက  ရှင်ဘုရင်ကို  ဘယ်တော့မှ  မနာလိုမဖြစ်ဘူး။ သူတောင်းစားအချင်းချင်းပဲ  ကိုယ့်ထက်သာသွားမှာကို  မနာလိုဖြစ်တာ။ တစ်ခါတရံမှာ  ကိုယ့်အပေါ်အပြုံးနဲ့  ဆက်ဆံနေပေမယ့် စိတ်ထဲမှာတော့  ဆန့်ကျင်ဘက်  မနာလိုစိတ်ထားပြီး အမုန်းပွား  ရန်များနေတဲ့သူဟာ  ဝေးဝေးကလူ  မဟုတ်ဘဲ ကိုယ့်အနီးအနားကလူ  ဖြစ်နေတတ်တယ်။ #ဘဘကြီးရဲ့  စာအုပ်စင်။

“အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်နဲ့ လူ”

Image
  အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်နဲ့ လူ ရက်၊ လ၊ နှစ်၊ အချိန်နာရီဆိုတာတွေက တရစပ် အရပ်အနားမရှိ အမြဲရှေ့ကိုသာ တိုးသွားနေတဲ့ အရာတွေဖြစ်တာ မှန်ပေမယ့် အဲဒီအချိန်ဆိုတဲ့ အဝန်းအဝိုင်းထဲမှာ ရပ်တည်ရှင်သန်နေတဲ့ လူတွေရဲ့ စိတ်ကတော့ ဒီသဘောမရှိပါဘူး။ ရုပ်ခန္ဓာကသာ အချိန်ကာလ ယန္တရားကြီးနဲ့အတူ တရွေ့ရွေ့မျောပါ နေရပေမယ့် လူတွေရဲ့စိတ်ကတော့ မရောက်သေးတဲ့ အနာဂတ်ကိုမျှော်ပြီး အဲဒီအနာဂတ်ထဲမှာ ရောက်ချင်ရောက်နေ တတ်သလို တစ်ခါတလေကျတော့လည်း ကိုယ်ဖြတ်သန်းခဲ့ရတဲ့ အတိတ်ကာလဆီကို နောက်ပြန်လှည့်ကြည့်ရင်း လွမ်းဆွတ်ငေးမော နေတာမျိုးလည်း ဖြစ်ချင်ဖြစ်နေ တတ်ပါတယ်။ အမှန်တော့ အတိတ်ဆိုတာ ပြီးဆုံးသွားခဲ့ပြီမို့ ဒီကနေ့ ပစ္စက္ခအခြေအနေမှာ ရှေးဟောင်းနှောင်းဖြစ် ပြောစရာစကားတစ်ခု ဆိုတာကလွဲလို့ ဘာမှလက်ဆုပ်လက်ကိုင် ပြစရာတစ်ခုမှ မရှိတော့ပါဘူး။ အတိတ်မှာ ကိုယ်ပြုခဲ့တဲ့လုပ်ရပ်တွေနဲ့  ပတ်သက်ပြီး အမှားတွေလဲရှိနိုင်သလို မှန်ခဲ့တာတွေလည်း တစ်ပုံတစ်ပင် ရှိနိုင်ပါတယ်။ ဒါပေမဲ့ အဲဒါတွေ အားလုံးဟာလည်း ခုအချိန်မှာတော့ အရှိန်တစ်ခုအနေနဲ့ ကိုယ့်ကိုတွန်းပို့ထားရစ်ခဲ့ ပြီ။ အဲဒီဖြစ်ရပ်တွေကတော့ ပျောက်ကွယ်သွားခဲ့ကြပါပြီ။ ဒါပေမဲ့ စိတ်ရဲ့စွဲလန်း...

“ စကားတစ်ခွန်း ”

Image
စကားတစ်ခွန်း ========== “စကားတစ်ခွန်းဟာ မပြောသေးခင်မှာ မင်းဟာ အဲဒီစကားရဲ့ အရှင်သခင်ပဲ ပြောလိုက်ပြီ ဆိုရင်တော့ မင်းဟာ သူ့ရဲ့ ကျွန်ဖြစ်သွားပြီ” လီကာရှင်း (ဟောင်ကောင်သူဌေး) အခါတစ်ပါးသော် မြတ်စွာဘုရားရှင်သည် ရှင်ရာဟုလာအား ဤသို့ဆုံးမ၏။ “ရာဟုလာ ကာယကံ၊ ၀စီကံ၊ မနောကံ အလုပ်များကို လုပ်မည်ပြုသောအခါ ဤသို့ စဉ်းစားဆင်ခြင်အပ်၏။ ဤငါ၏ အမှုသည် မိမိကိုယ်တိုင် ပင်ပန်းဆင်းရဲခြင်းငှာ ဖြစ်လေသလော၊ သူတစ်ပါး၏ ပင်ပန်းဆင်းရဲခြင်းငှာ ဖြစ်လေသလော။ မိမိ သူတစ်ပါး နှစ်ပါးစုံ ဆင်းရဲခြင်းငှာ ဖြစ်လေသလော၊ ဆင်းရဲစေကြောင်း မကောင်းသော အမှုဖြစ်နေလျှင် ထိုအမှုကို တဇွတ်ထိုးစိတ်နှင့် မပြုလုပ်ပါနှင့်၊ မိမိ သူတစ်ပါး နှစ်ပါးစလုံးအား မပင်ပန်း မဆင်းရဲစေကြောင်း ကောင်းသောအမှုဖြစ်ပါက ထိုအမှုများကို နေ့ရောညဥ့်ပါ ကျင့်သုံး၍ နေပါလော့။ ကောင်းမြတ်သော အမှုများကို ပြုလုပ်လျက် နှစ်သက်ဝမ်းသာ ပျော်ပျော်ကြီးနေပါလော့ ရာဟုလာ” ဟု ဆုံးမတော်မူလေ၏။ ဤတွင် ဘုရားရှင် ဟောကြားတော်မူသော ကာယကံ ဆိုသည်မှာ ကိုယ်ဖြင့်ပြုအပ်သော အမှုဖြစ်၍ ၀စီကံဟူသည်မှာ နှုတ်ဖြင့်ပြုအပ်သော အမှုဖြစ်လေသည်။ မနောကံဟူသည်မှာကား စိတ်ဖြင့် ကြံစည်ပြုလုပ်သော အမှုဖြစ်လေ၏။ ဤကံသုံ...

“ အိမ်သုံးမဂ္ဂင် ရှစ်ပါး ”

Image
# အိမ်သုံးမဂ္ဂင် ရှစ်ပါး ....... ၁။ # သမ္မာဒိဋ္ဌိ - (ကောင်းစွာ မြင်ခြင်း) ... ဘယ်ကိစ္စ၌မဆို ပြုသမျှကောင်းမှု, မကောင်းမှုကံတွေသည် ငါ၏ သန္တာန်၌ အဖတ်တင်ရစ်သည်။ နောင်အခါအခွင့်သင့်သလို ကောင်းကျိုး, မကောင်းကျိုးကို တွေ့ကြုံရမည်-ဟု ကံနှင့်ကံ၏ အကျိုးကို နားလည်သော ဥာဏ်ဖြစ်ပါစေ။ ၂။ # သမ္မာသင်္ကပ္ပ - (ကောင်းစွာ ကြံစည်ခြင်း) ... မိမိအတွက်ဖြစ်စေ, သူများအတွက်ဖြစ်စေ စိတ်သဘောကြီးကြီးထားလျက် အပြစ်မရှိဘဲ အကျိုးများမည့်အကြံကိုသာ ကြံပါ၊ သူတစ်ပါး ပျက်စီးသွားမည့်အကြံ၊ ဆင်းရဲသွားမည့်အကြံများကို မကြံမိပါစေနဲ့၊ မေတ္တာ ကရုဏာထား၍ သနားပါ၊ စောင့်ရှောက်ပါ၊ တစ်ခါတစ်ရံ၌ကား "လူ့လုပ်ငန်းကိစ္စကို ဖြတ်၍ သင့်တော်ရာအရပ်၌ (ဥပုသ်ရက်ရှည်စောင့်ကာ) ဆိတ်ဆိတ်ငြိမ်ငြိမ် တရားကျင့်မည်"ဟု ကြံပါ။ ၃။ # သမ္မာဝါစာ - (ကောင်းစွာ ပြောဆိုခြင်း) ... မိမိမှာဖြစ်စေ သူ့မှာဖြစ်စေ အကျိုးများမည့် စကားကိုသာ ပြောပါ၊ မုသားစကား၊ ကြမ်းတမ်းသောစကား၊ အပျက်အချော်၊ အပြောင်အလောင်စကားနှင့် ရန်တိုက်စကားတို့ကို မပြောမိပါစေနှင့်။ အိပ်ရာဝင် အိပ်ရာထ အခါတို့၌ မိမိကျက်မှတ်ထားသော ဘုရားနှုတ်တော်ထွက...

“၀ိပဿနာနှင့် ချမ်းသာဆင်းရဲ”

Image
ဝိပဿနာနှင့် ချမ်းသာဆင်းရဲ လောကရှိ အများစုသော လူသားတို့သည် ချမ်းသာနှင့် ဆင်းရဲ မကွဲပြားကြပါ။ ယင်းသို့ မကွဲပြားကြ၍ ချမ်းသာကို ဆင်းရဲထင်ကာ ရှောင်ရှားနေကြပါသည်။ ဆင်းရဲကိုမူ ချမ်းသာထင်ကာ ကြိုးစားရှာဖွေ ကျင့်သုံးနေကြပါသည်။ ယင်းသို့ဖြင့် အရှာလွဲ, အကျင့်သုံး လွဲနေကြရကား လူသားတို့မှာ အဆင်းရဲကြီး ဆင်းရဲနေကြရပါသည်။ မည်မျှ ဆင်းရဲနေကြပါသနည်း။ သန်းပေါင်းများစွာသော ဥစ္စာ,ရွှေ ,ငွေတွေ ရှိပါလျက် ရာထူးကြီး ဂုဏ်ထူးကြီးတွေ ရှိပါလျက်၊ ပညာတွေ တတ်ပါလျက်၊ ဆင်းရဲလွန်းလို့ ဆင်းရဲဒဏ်ကို မခံနိုင်ရကား မိမိကိုယ်မိမိနည်းအမျိုးမျိုးနှင့် သတ်သေသူပေါင်းမှာ တစ်နှစ် တစ်နှစ် ထောင်ဂဏန်းအထက်မှာရှိသည်ဟု စာစောင်တစ်ခုတွင် မိမိဖတ်ရှုလိုက်ရပါသည်။ သန်းပေါင်းများစွာရှိပါလျက် ရာထူးကြီး ဂုဏ်ထူးကြီးတွေ ရှိပါလျက် ဆင်းရဲလွန်းလိ ဆင်းရဲဒဏ် မခံနိုင်၍ မိမိကိုယ်ကို သတ်သေသူပင် ထောင်ဂဏန်းအထက်ရှိနေပါလျှင် ယင်းတို့အောက် ဥစ္စာရာထူးရှိပြီး ဆင်းရဲလွန်းလို့ မိမိကိုယ်မိမိ နည်းအမျိုးမျိုးဖြင့် သတ်သေသူဦးရေမှာ မည်မျှများမည်ဟု အဘယ်သူ ခန့်မှန်းနိုင်ပါအံ့နည်း။ ထိုထက်များပြားမည်ကား သေချာလှပါ၏။ ယင်းသို့ ဖြစ်ရခြင်းသည် အဘယ့်ကြောင့်ပါသနည်...

“မေမေ ဖေဖေက ကလေးဆုံးမတဲ့အခါ”

Image
မေမေ ဖေဖေက ကလေးဆုံးမတဲ့အခါ ***************************** မေမေ ဖေဖေက ကလေးဆုံးမတဲ့အခါ နည်းလမ်းမှန်မှ အဆင်ပြေထိရောက်နိုင်ပါသည်။ (၁) စံပြမိခင် စံပြဖခင် ဖြစ်အောင်နေပါ။ မိဘက ကလေး၏ ပထမဆုံးနှင့် အနီးကပ်ဆုံး ဆရာဖြစ်သည်။ ဥပမာ- ယဉ်ကျေးသောကလေးဖြစ်လာစေရန် မိဘက ယဉ်ကျေးသော စကားများပြောရမည်။ ✅ (၂) ကလေးကြောင့် မိဘအဆင်မပြေမှု ရှိလျှင် မဆူခင် အကြောင်းရင်းကို ပြောပါ။ ဥပမာ- အရေးကြီးကိစ္စဖုန်းပြောနေချိန် ကလေးက ဆူညံစွာ ဆော့နေလျှင် "ဟဲ့ နားငြီးတယ် ဝေးဝေးသွားဆော့" ဟု အော်မည့်အစား "သားရေ သားဆူနေတော့ မေမေ ဖုန်းမကြားရဘူး၊ ခဏလောက်တိတ်ပေးပါ" လို့ ပြောပြမှ ကလေးက နောက်တခါ အမေဖုန်းပြောနေချိန် မဆူညံသင့်ကြောင်း သဘောပေါက်မည်။ ✅ (၃) အနားကပ်ပြီး ဆုံးမပါ တစ်ခုခု ဆုံးမလိုလျှင် အဝေးမှ အော်ပြောခြင်းထက် ကလေးအနားသွားထိုင်ချ၍ ကလေးမျက်နှာကို ကြည့်၍ ပြောပြခြင်းက ကလေးကို အာရုံပိုစိုက်စေပါသည်။ ဆုံးမစကားကို ပိုနားလည်စေပါသည်။ ✅ (၄) ဆုံးမချိန် ရွေးချယ်ပါ အရေးပေါ် ဆူစရာမလိုလျှင် လူကြားထဲ အော်ငေါက်မည့်အစား ကလေးနှင့် မိဘ နှစ်ကိုယ်ကြား ငြင်သာစွာ ပြောပြခြင်းကို ကလေးက ပို လက်ခံပါသည်။ ✅ (၅) ဆုံးမညွှန်ပြရ...

“အကျင့်ကောင်း (၇) ရပ်”

(၁) တာဝန်ယူစိတ် (Be Proactive) ပြဿနာတစ်ခုဖြစ်လာရင် ငါဘာမှားနေသလဲ ဆိုတာကို စ စဉ်းစားပါမယ်။ ပြီးမှ ကျန်တာတွေကို ဖြန့်တွေးမယ်။ ကိုယ့်ကိုယ်တော့ လွတ်စေ၊ သူများကိုတော့ တရားခံ၊ ဒါမျိုးမလုပ်ဘူး။ ကိုယ့်ကိုယ်ကို တာဝန်ယူတဲ့စိတ်ပါ။ (၂) ပစ်ကွင်းကို ချိန်ပစ် (Begin with the end in mind) ငါဘာဖြစ်ချင်လဲ၊ ငါ့ရည်မှန်းချက်ဘာလဲဆိုတာကို ပထမဆုံးပိုင်ဖြတ်တယ်။ မစ်ရှင် (Mission) စိတ်ဓာတ်ဖြစ်ပါတယ်။ (၃) အရေးကြီးတာ အရင်လုပ် (Put first thing first) ကြုံသလို ကျဘမ်းမလုပ်ဘူး၊ အစီအစဉ်ရှိရှိနဲ့ တစ်ဆင့်ပြီးတစ်ဆင့် ဆောက်ရွက်တတ်တယ်။ (၄) သူမနာ ကိုယ်မနာ ဆက်ဆံရေး (Think Win-Win) ကိုယ်နိုင်စေ သူရှုံးစေ သဘောမထားပါ၊ နှစ်ဦးနှစ်ဖက် အကျိုးရှိစေမဲ့ ကြားအဖြေကို နှလုံးသွင်းပါတယ်။ (၅) နားလည်မှုရှိပါ (Seek first to understand, Then to be understood) ပထမဆုံး သူများကို နားလည်အောင် ကြိုးစားပါ။ ကိုယ့်ကိုလဲ သူများက နားလည်အောင် တံးခါးဖွင့်ထားတယ်။ (၆) လက်တွဲကြိုးပမ်း (Synergize) ငါတကောမလုပ်ဘူး၊ အများနဲ့ လက်တွဲကြိုးပမ်းနိုင်ဖို့ အားထုတ်တယ်။ (၇) ကိုယ့်ကိုယ်ကို ပြန် သ (Sharpen the saw) စိတ်တံခါးကို ပိတ်မထားဘူး။ အတွေးသစ်...

“လူတစ်ယောက် မဖြစ်မနေ ပြုမူနေထိုင်သင့်သည့် အချက်( ၅)ချက်”

လူတစ်ယောက် မဖြစ်မနေ ပြုမူနေထိုင်သင့်သည့် အချက်( ၅)ချက် ━━━━━━━━━━━━━━━━━━━━━━━━━━━━━━━━━━━━━━━━━━━━━━━━━━ (၁) အတတ်ပညာတစ်ခုခုကို တတ်ကျွမ်းအောင်သင်ကြားပါ အတတ်ပညာဆိုတာ အတန်းပညာတစ်ခုတည်းမဟုတ်ပါ အသိပညာ ၊ လူမှုက်ဆံရေးပညာ ၊ အကောင်းအဆိုးကို ဝေဖန်ပိုင်းခြားနိုင်သော အတွေးအခေါ်နှင့် အသက်မွေးဝမ်းကျောင်း ပညာတစ်ခုခုကို မဖြစ်မနေ သင်ကြားတတ်မြောက်ထားသင့်တယ်။ (၂)အလုပ်တစ်ခုခုမှာ ဝင်ရောက်လုပ်ကိုင်ပါ အရွယ်ရောက်ပြီးဖြစ်တဲ့ ယောက်ျားဖြစ်ဖြစ် မိန်းကလေးဖြစ်ဖြစ် ချမ်းသာသာ ဆင်းရဲရဲ အလုပ်တစ်ခုတော့ လုပ်သင့်ပါတယ် အလုပ်ရှိမှ လူရာဝင်တတ်သလို လူလေးစားယုံကြည်ခံရမှာပါ အလုပ်ဟူသမျှ ဂုဏ်ရှိတယ်ဆိုသလိုပဲ အလုပ်လုပ်နေမှ ဂုဏ်တက်မှာပါ။ အလုပ်တစ်ခုလုပ်ဆောင်ရာမှာ အကျိုးအမြတ်က ပထမ မဟုတ်ဘဲ အတွေ့အကြုံနှင့် အောင်မြင်မှူတွေ ရရှိအောင် အရင်ကြိုးစားပါ အောင်မြင်မှုတွေရလာရင် အကျိုးအမြတ်က ကိုယ့်နောက် လိုက်လာပါလိမ့်မယ်။ (၃)စာဖတ်ပါ အောင်မြင်နေသူတိုင်းက စာဖတ်ကြသလို အောင်မြင်ဖို့ကြိုးစားနေသူတိုင်းအတွက်လည်း စာပေက အလင်းရောင်ပါ။ စာပေသည် လူသားတိုင်းအတွက် အသိဥာဏ်တံခါးပေါက်ဖြစ်သလို အမှားအယွင်းအနည်းဆုံးဖြစ်အောင် ထိန်းကျောင်းပေး...

" ဂုဏ်မလိုချင်နဲ့ "

Image
ဂုဏ်မလိုချင်နဲ့ *********** ဆွမ်းခံသွားရင် အစဉ်အတိုင်း တန်းရပ်ပြီး ဆွမ်းခံကြ။ ထိုင်အိမ် မထားကြနဲ့။ ထိုင်အိမ်ထားတော့ ကာမမှု ရောက်တတ်တယ်။ သူတစ်ပါး အချစ် မခံချင်ကြနဲ့။ အချစ်ခံချင်လို့ ချစ်တော့ ပဲ့တတ်တယ်။ ဂုဏ်မကြီးချင်နဲ့။ ဘုန်းမကြီးချင်ကြနဲ့။ ဘုန်းကြီးချင်လို့ ဘုန်းကြီးတော့ ဘုန်းမှန်တတ်တယ်။ ဂုဏ်လည်း မကြီးချင်ကြနဲ့။  ဂုဏ်ကြီးချင်လို့ ဂုဏ်ကြီးတော့ ဂုဏ်မွေး စူးတတ်တယ်။ ဂုဏ်မလိုချင်နဲ့။ ဂုဏ်လိုလျှင် ဂုဏ်ပြိုတတ်တယ်။ ဂုဏ်မလိုမှ ဂုဏ်ပိုတယ်။ သပိတ်ကိုလည်း မကျော်ကြနဲ့။ သပိတ်ကျော်တော့ ငရဲကြီးတတ်တယ်။ ခြေနဲ့ ကျော်တာတော့... ကလေးတောင် သိတာပေါ့။ ဥပမာ... ဒါယကာကြီး တစ်ယောက်က ချဉ်ပေါင်ရွက် ရေလုံပြုတ် အရေကြည်ကြည် လောင်းလိုက်ပါပေါ့တဲ့။ ဒီတော့... ဟင်...ဆိုပြီး နှာခေါင်း ရှုံ့လိုက်တော့ သပိတ်ကျော်တာပဲ။ ဝက်သား ဆီပြန်ဟင်း လောင်းလိုက်ပါပေါ့တဲ့။ ဟာ... နေရာ ကျလိုက်လေ ဆိုပြီး ပြုံးတုံးတုံး ဖြစ်လာတာ သပိတ်ကျော်တာပဲ။ အဲဒီလို ဆွမ်းခံသွားရင်း... လာဘ ဒေါသ မောဟ မဖြစ်ရလေအောင်... မိမိ၏စိတ်ကို ရူပါရုံ သဒ္ဒါရုံ ဂန္ဓာရုံ ရသာရုံ ဖောဋ္ဌဗ္ဗာရုံ တို့နောက် လိုက်ပါမသွားရလေအောင်... စာင့်ရှောက် ထိန်းသိမ်းနိုင်သ...

" အသက်ကြီးသောအခါ "

Image
အသက်ကြီးသောအခါ..... ” မျောက် လိုလူပ်ရှား ၊ ကြောင်လိုစား ၊ နွားလိုရေသောက် ၊ လိပ် လိုလျှောက် ၊ တုတ်ထောက် မပျင်းနှင့် ။ “ (၁) မျောက် လိုလူပ်ရှား အသက်ကြီး လာလျင် လူပ်လူပ်ရှားရှားနေရပါတယ် ၊ ငြိမ်ကုတ်နေတာဟာ ရောဂါတွေဖိတ်ခေါ်နေတာနဲ့ တူတူပါပဲ ။ (၂ ) ကြောင် လိုစား အသက်ကြီး တာနဲအမျှ အစာခြေဖျက်မူ့တွေနှေးကွေး သွားပြီဖြစ်လို့ တစ်ခါစားရင် နည်းနည်းနဲ့ အကြိမ်များများ စားပေးရပါတယ် ။ လူငယ်တွေလို တစ်ထိုင်တည်း အဝ စားလို့မရတော့ပါဘူး ။  (၃) နွားလို ရေ သောက် အသက်ကြီးလာလျင် သွေးလည်ပတ်မူ့နှင့်  ဝမ်းမှန်အောင် ရေ များများသောက်ပေးရပါတယ် ။ (၄) လိပ် လိုလျှောက် သွားလာလူပ်ရှားတဲ့နေရာမှာ ချော်မလဲအောင်ဖြည်းဖြည်း မှန်မှန်လျှောက်ရပါတယ် ။  (၅) တုတ်ထောက် မပျင်းနဲ့ ။ မကြာခဏ လဲပြိုမူ့မဖြစ်ရလေအောင် တုတ်ကောက် ဆောင်ရပါမယ် ။ လဲပြိုသွားခဲ့ရင်ပြန်ကောင်းဖို့မလွယ်ပါဘူး ။ တုတ်ထောက် ဆောင်ထားရင်တော်တန်ရုံ မလဲတော့ဘူးပေါ့ဗျာ။ #San Nyuntoo share from : mm book city

" ရခဲလှတဲ့ လူ့ဘ၀မှာ နေနည်း "

Image
ရခဲလှတဲ့ လူ့ဘ၀မှာ နေနည်း သူတော်ကောင်းတို့တတွေကတော့ ကံကောင်းလို့ လူ့ဘ၀ ရလာကြပြီ။ လူ့ဘ၀ရောက်ဖို့ဆိုတာ အလွန်မတန်မှ ခဲယဉ်းတယ်။ ရခဲတဲ့ လူ့ဘ၀ကို ရထားပြီးပြီဆိုတော့ သက်တမ်းတစ်ခုမှာဘယ်လိုနေကြမ လဲ။ တချို့ကပြောကြတယ် ငွေကြေးစီးပွားဥစ္စာတွေ တိုးတက်အောင်လုပ်မယ်။ ရာထူးဂုဏ်မြင့်မားအောင် ဆောင်ရွက်မယ်။ ပညာ၊ အောင်မြင်ကျော်ကြားအောင် ကြိုးစားမယ်။ အခြံအရံ ပေါကြွယ်အောင်လုပ်မယ်။ ဒီလိုနဲ့ ငွေကြေးစီးပွားဥစ္စာတွေ တိုးတက်လို့ ၊ အောင်မြင်ကျော်ကြားလို့၊ ရာထူးရာခံတွေ မြင့်မားလို့၊ အခြံအရံတွေ ပေါများနေရင် ဘ၀မှာ နေပျော်ပါပြီလို့ပြောကြတယ်။ ဒါက .. တကယ့် ဘ၀နေနည်း ဟုတ်ရဲ့လား။ “လူ့ဘ၀မှာ နေနည်း သုံးနည်းရှိတယ်။ ၁။ ယုတ်ညံ့သောနေနည်း ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးတို့ အပေါ်မှာ ယုံကြည်သက်ဝင်မှု အားနည်းပြီး လိုက်နာကျင့်သုံးမှု မရှိသူ။ ရှာဖွေရရှိထားတဲ့ ဥစ္စာပစ္စည်းတို့ကိုလည်း ပေးခြမ်းလှူဒါန်းခြင်း မရှိသူ။ ကာမဂုဏ်တို့မှာ မွေ့လျော်ပျော်ပါးလိုက်စား၍ အကျိုးကျေးဇူးမဲ့ ဘ၀ကို အချီးနှီး ကုန်လွန်စေတဲ့သူ။ မိမိကိုယ်တိုင် ပစ္စုပ္ပန် သံသရာအကျိုးမဲ့၊ သူတစ်ပါး အတွက်လည်း အကျိုးမပြုနိုင်သော နေနည်းကို ယုတ်ညံ့သောနေနည်းနှင့်ေ...

"သီတဂူဆရာတော် ဘုန်းကြီးတယ်"ဆိုတာ

Image
"သီတဂူဆရာတော် ဘုန်းကြီးတယ်"ဆိုတာ __________________________ ______ "မြန်မာပြည်"တစ်ပြည်လုံးလည်းပြောတယ်နော်။ "စစ်ကိုင်းတောင်"က ဘုန်းကြီးတွေ,သီလရှင်တွေလည်းပြောတယ်။ "သီတဂူဆရာတော် ဘုန်းကံကြီးတယ်" "မှန်တယ်"လို့လည်းပြောလို့ရ တယ်။ တစ်မျိုး အဓိပ္ပာယ်နဲ့လည်းဖွင့်လို့ရတ ယ်။ "သီတဂူဆရာတော် ဘုန်းကံကြီးလိုက်တာ"။ "ဘုန်းကြီး"တာဟာ- "ဆေးရုံ"လည်း "အကြီးကြီး"ပဲ။ "ဆေးရုံ"တွေဆို(၁၅)ခု၊"တက္ကသိုလ်"က(၃)ခု၊ "စစ်ကိုင်း"မှာဆို -"ခုတင်(၁၀၀)ဆေးရုံကြီး"ဆော က်၊"ဝန်ထမ်း(၈၀)"လောက် ထမင်းကျွေး၊ "ရေ"တွေပေးလို့၊"တစ်တောင်ရိုးလုံး တစ်နေ့ဂါလံရှစ်သိန်း"၊ (မောင်အေးချို ကြိုးစားနော်) "ဂါလံ(၇)သိန်း (၈)သိန်း"အောက် မလျှော့စေနဲ့။ တို့ "စစ်ကိုင်းတောင်"တည်ထောင်စက "ချောင် ပေါင်း(၄၀၀)"၊"ရဟန်း၊သာမဏေ၊ သူတော်၊သီလရှင်"-(မောင်စိုး ဝင်း-ဘယ်လောက်လဲ) (၄၀၀၀)၊ အခုဘယ်လောက် ဖြစ်သွားပြီလဲ၊ "တစ်သောင်း"ကျော်သွားပြီ၊ ...

" လူလေးစားအောင် ဘယ်လိုနေမလဲ? "

Image
လူလေးစားအောင် ဘယ်လိုနေမလဲ? ==================== လူတိုင်းနီးပါးဟာ ပတ်ဝန်းကျင်ရဲ့ အသိအမှတ်ပြုမှု၊ လေးစားမှု၊ အရေးပေးမှုကို လိုချင်ကြပါတယ်။ ဒါဆို လူတွေ ကိုယ့်ကို လေးစားအသိအမှတ်ပြုအောင် ဘယ်လိုနေရမလဲ? . ကားအကောင်းစားစီးမှ လူလေးစားမှာလား? ဝတ်ကောင်းစားကောင်းတွေ ဝတ်မှ လူလေးစားမှာလား? ပိုက်ဆံတွေ သုံးပြနေမှ လူလေးစားမှာလား? . အပေါ်ယံ ပကာသနတွေကနေတစ်ဆင့် လူလေးစားခံချင်တယ်ဆိုရင်တော့ အပေါ်ယံလေးစားမှုတွေပဲ ရလာပါလိမ့်မယ်။ ဒီတော့ တကယ့်ရင်ထဲက လေးစားမှုကို ဘယ်လိုရအောင် ယူရမလဲဆိုတာတော့.. . ► ကိုယ့်ကိုယ်ကို လေးစားပါ။ ဒါအရေးအကြီးဆုံးပါပဲ။ ကိုယ့်ကိုယ်ကို ယုံကြည်မှု၊ လေးစားမှုရှိမှ သူများတွေရဲ့ ယုံကြည်မှု၊ လေးစားမှု ရနိုင်မှာပါ။ ဒီလို ယုံကြည်မှုတွေ၊ လေးစားမှုတွေနဲ့ ထိုက်တန်တဲ့ သူတစ်ယောက်ဖြစ်ဖို့လည်း လိုပါမယ်။ ကိုယ့်ကိုယ်ကို လေးစားတယ်ဆိုတာက ဘဝင်မြင့်အောက်ခြေလွတ်တာမျိုးကို မဆိုလိုပါဘူး။ . ► ခံယူချက်ကောင်းကောင်းထားပါ။ ကိုယ်ဟာ ဘယ်လိုခံယူချက်ကို လက်ကိုင်ထားတယ်။ ကိုယ့်ရဲ့ ယုံကြည်မှုတွေဟာ ဘယ်လောက်ပြင်းထန်တယ်။ ကိုယ်ဟာ ဘယ်လိုလူမျိုးဖြစ်တယ်။ ဒီအချက်တွေကို ပတ်ဝန်းကျင်က လက်ခံလာအောင်၊ သတိထားမိအောင် နေထိုင်တတ်ဖို့လို...

"စိတ်နှလုံးရွှင်လန်းစေဖို့" - ဆရာတော်ဦးဇောတိက စာအုပ်မှ ကောက်နုတ်ဖော်ပြချက်

Image
# ကိုယ့်ခံစားချက်ကို ကိုယ်နားလည်တာဟာ အလွန်အဆင့်မြင့်တဲ့ ပညာရေးဖြစ်တယ်။ ..... # ငြိမ်းချမ်းနေတဲ့စိတ် နေ့စဉ် ကိုယ့်စိတ်ကိုယ်သိတဲ့ အကျင့်ကို လုပ်ရမယ် အဲဒါ အရေးကြီးဆုံးအချက်ပဲ။ အတတ်နိုင်ဆုံး ကိုယ့်စိတ်ထဲမှာ တွေးနေတဲ့ အတွေးတွေကို သိနေဖို့လိုတယ်။ အတွေးတွေကို ဘေးကနေ ထိုင်ကြည့်နေသလို ကြည့်နိုင်ရင် ကြည့်နေတဲ့စိတ်က အတွေးနဲ့ရောပြီး ပါမသွားဘူး။ အဲဒီလောက် လုပ်နိုင်ရင်ပဲ သိတဲ့စိတ်နဲ့ တွေးတဲ့စိတ် တခြားစီဖြစ်သွားပြီ အဲဒီအဆင့်ဟာ လွတ်လပ်မှုရဲ့ ပထမခြေလှမ်းဖြစ်တယ်။ သိနေတဲ့စိတ်ဟာ လွတ်လပ်နေတဲ့စိတ် ဖြစ်တယ်။ အလေ့အကျင့်များလာရင် သိပြီးတော့ ရှင်းနေတဲ့စိတ် အေးချမ်းနေတဲ့စိတ်ကို တစ်ခါတလေ ရလာမယ်။ ပိုပြီးတော့ အလေ့အကျင့် လုပ်ရင်တော့ အချိန်မရွေးစိတ်ကိုသိပြီး ရှင်းနေအောင်ထားလို့ ရလာမယ်။ အဲဒီလို သိပြီးတော့ ရှင်းနေတဲ့စိတ်နဲ့ တစ်နေ့မှာ ငါးမိနစ်လောက် နေနိုင်တယ်ဆိုရင်ပဲ အဲဒီ ရှင်းနေတဲ့စိတ်၊ ငြိမ်းချမ်းနေတဲ့စိတ်က ကိုယ့်စိတ်ကို အလွန်ကြီး ရှုပ်မသွားအောင် ပူမသွားအောင် ထိန်းပေးထားသလို ဖြစ်တယ်။ မကြာမကြာ အဲဒီလိုစိတ်နဲ့ နေနိုင်ရင်တော့ စိတ်ရှင်းပြီး အေးအေးချမ်း...