“လောကဓံတွေ ရင်ဆိုင်ရတဲ့အခါ ခိုင်မာတဲ့စိတ်ဓာတ် ဘယ်လိုထားမလဲ”
လောကဓံတွေ ရင်ဆိုင်ရတဲ့အခါ လောကမှာ နေရတဲ့အချိန် ….
လောကသဘော (၈) မျိုးကိုတော့ တွေ့နေရမှာပဲ …
ကိုယ်ရချင်တာ ရတယ်ဆိုတဲ့ အလှည့် တွေ့ရသလို …
ကိုယ်ရချင်တာတွေ မရဘူးဆိုတာလည်း တွေ့လိမ့်မယ် …
အခြံအရံရှိတာလည်း တွေ့ရသလို …
အခြံအရံ ကင်းမဲ့တဲ့အခါမျိုးလည်း တွေ့ရမယ် …
ကဲ့ရဲ့ခံရတဲ့အခါ တွေ့ရသလို …
ချီးမွမ်းခံရတာလည်း တွေ့ရလိမ့်မယ် …
ချမ်းသာသုခ ရတယ်ဆိုတဲ့ အခါရှိသလို …
ဆင်းရဲဒုက္ခ ကြုံတွေ့ရတဲ့အခါဆိုလည်း ရှိလိမ့်မယ် …
အဲဒီလို လောကဓံမုန်းတိုင်းတွေနဲ့ ကြုံတွေ့ရတဲ့အခါတိုင်း ….
`သြော် … ဘယ်အရာမှ မမြဲပါလား …
ထာဝရ မဟုတ်ဘူး … တစ်ခဏသာဖြစ်တယ်` လို့
ဆင်ခြင်ရမယ် ….
အကောင်းလောကဓံကြောင့်လည်း လောဘ မဖြစ်အောင် …
အဆိုးလောကဓံကြောင့်လည်း ဒေါသ မဖြစ်အောင် အမြဲဆင်ခြင်နေရမယ် …..
(ပါမောက္ခချုပ်ဆရာတော် ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ)

Comments
Post a Comment