" ဂုဏ်မလိုချင်နဲ့ "


ဂုဏ်မလိုချင်နဲ့

***********
ဆွမ်းခံသွားရင် အစဉ်အတိုင်း တန်းရပ်ပြီး ဆွမ်းခံကြ။ ထိုင်အိမ် မထားကြနဲ့။
ထိုင်အိမ်ထားတော့ ကာမမှု ရောက်တတ်တယ်။
သူတစ်ပါး အချစ် မခံချင်ကြနဲ့။ အချစ်ခံချင်လို့ ချစ်တော့ ပဲ့တတ်တယ်။

ဂုဏ်မကြီးချင်နဲ့။

ဘုန်းမကြီးချင်ကြနဲ့။ ဘုန်းကြီးချင်လို့ ဘုန်းကြီးတော့ ဘုန်းမှန်တတ်တယ်။
ဂုဏ်လည်း မကြီးချင်ကြနဲ့။  ဂုဏ်ကြီးချင်လို့ ဂုဏ်ကြီးတော့ ဂုဏ်မွေး စူးတတ်တယ်။

ဂုဏ်မလိုချင်နဲ့။
ဂုဏ်လိုလျှင် ဂုဏ်ပြိုတတ်တယ်။ ဂုဏ်မလိုမှ ဂုဏ်ပိုတယ်။

သပိတ်ကိုလည်း မကျော်ကြနဲ့။
သပိတ်ကျော်တော့ ငရဲကြီးတတ်တယ်။ ခြေနဲ့ ကျော်တာတော့... ကလေးတောင် သိတာပေါ့။

ဥပမာ... ဒါယကာကြီး တစ်ယောက်က
ချဉ်ပေါင်ရွက် ရေလုံပြုတ် အရေကြည်ကြည် လောင်းလိုက်ပါပေါ့တဲ့။
ဒီတော့... ဟင်...ဆိုပြီး နှာခေါင်း ရှုံ့လိုက်တော့
သပိတ်ကျော်တာပဲ။

ဝက်သား ဆီပြန်ဟင်း လောင်းလိုက်ပါပေါ့တဲ့။
ဟာ... နေရာ ကျလိုက်လေ ဆိုပြီး ပြုံးတုံးတုံး ဖြစ်လာတာ
သပိတ်ကျော်တာပဲ။


အဲဒီလို ဆွမ်းခံသွားရင်း...
လာဘ ဒေါသ မောဟ မဖြစ်ရလေအောင်...
မိမိ၏စိတ်ကို ရူပါရုံ သဒ္ဒါရုံ ဂန္ဓာရုံ ရသာရုံ ဖောဋ္ဌဗ္ဗာရုံ တို့နောက် လိုက်ပါမသွားရလေအောင်...
စာင့်ရှောက် ထိန်းသိမ်းနိုင်သမျှ ထိန်းသိမ်းပြီး သတိထားနေကြ။

ကျေးဇူးတော်ရှင် စွန်းလွန်း ဆရာတော်ဘုရားကြီး။


#Hla Myo (19-9-2017)

ထေရုပ္ပတ္တိ နှာ...၁၆၆မှ စာစီပူဇော်ပါသည်။
မုံလယ်ဇ။

Comments

Popular Posts

"ကျွန်းကြီးလေးကျွန်း"

"မြင်းမိုရ်"

သေခြင်းကောင်းသော ဘ၀၊ လားရာကောင်းသော ဂတိ

"သီတဂူဆရာတော် ဘုန်းကြီးတယ်"ဆိုတာ