" ရခဲလှတဲ့ လူ့ဘ၀မှာ နေနည်း "
ရခဲလှတဲ့ လူ့ဘ၀မှာ နေနည်း
သူတော်ကောင်းတို့တတွေကတော့ ကံကောင်းလို့ လူ့ဘ၀ ရလာကြပြီ။ လူ့ဘ၀ရောက်ဖို့ဆိုတာ အလွန်မတန်မှ ခဲယဉ်းတယ်။ ရခဲတဲ့ လူ့ဘ၀ကို ရထားပြီးပြီဆိုတော့ သက်တမ်းတစ်ခုမှာဘယ်လိုနေကြမ လဲ။
တချို့ကပြောကြတယ် ငွေကြေးစီးပွားဥစ္စာတွေ တိုးတက်အောင်လုပ်မယ်။
ရာထူးဂုဏ်မြင့်မားအောင် ဆောင်ရွက်မယ်။ ပညာ၊ အောင်မြင်ကျော်ကြားအောင်
ကြိုးစားမယ်။
အခြံအရံ ပေါကြွယ်အောင်လုပ်မယ်။ ဒီလိုနဲ့ ငွေကြေးစီးပွားဥစ္စာတွေ တိုးတက်လို့၊ အောင်မြင်ကျော်ကြားလို့၊ ရာထူးရာခံတွေ မြင့်မားလို့၊ အခြံအရံတွေ ပေါများနေရင် ဘ၀မှာ နေပျော်ပါပြီလို့ပြောကြတယ်။ ဒါက .. တကယ့် ဘ၀နေနည်း ဟုတ်ရဲ့လား။
“လူ့ဘ၀မှာ နေနည်း သုံးနည်းရှိတယ်။
၁။ ယုတ်ညံ့သောနေနည်း
ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးတို့ အပေါ်မှာ ယုံကြည်သက်ဝင်မှု အားနည်းပြီး လိုက်နာကျင့်သုံးမှု မရှိသူ။ ရှာဖွေရရှိထားတဲ့ ဥစ္စာပစ္စည်းတို့ကိုလည်း ပေးခြမ်းလှူဒါန်းခြင်း မရှိသူ။ ကာမဂုဏ်တို့မှာ မွေ့လျော်ပျော်ပါးလိုက်စား၍
အကျိုးကျေးဇူးမဲ့ ဘ၀ကို အချီးနှီး ကုန်လွန်စေတဲ့သူ။ မိမိကိုယ်တိုင်
ပစ္စုပ္ပန် သံသရာအကျိုးမဲ့၊ သူတစ်ပါး အတွက်လည်း အကျိုးမပြုနိုင်သော နေနည်းကို
ယုတ်ညံ့သောနေနည်းနှင့် နေထိုင်ကြသူများလို့ပြောနို င်ပါတယ်။
၂။ မြင့်မြတ်သောနေနည်း
ရတနာသုံးပါးအပေါ်မှာ ရိုသေကိုင်းရှိုင်းပြီး မိဘဆရာသမားဆွေမျိုးမိတ်ဆွေတို့အပေါ်မှာ လေးစားအားကိုးလောက်စေခြင်း၊ ပစ္စုပ္ပန် သံသရာ နှစ်ဖြာသောအကျိုးကျေးဇူးဖြင့် အတ္တဟိတ၊ ပရဟိတ အကျိုးကို လုပ်ကိုင်ဆောင်ရွက်နေခြင်းဟာ မြင့်မြတ်သောနေခြင်း ဖြစ်ပါတယ်။
၃။ လွတ်မြောက်အောင်နေနည်း
ပစ္စုပ္ပန် သံသရာ နှစ်ဖြာသောလောကမှ လွတ်မြောက်အောင် ၀ိပဿနာတည်းဟူသော သံသရာလွတ်ကြောင်းတရားတို့ကို
ကြိုးစားအားထုတ်သဖြင့် ယခု ပစ္စက္ခ ဘ၀မှာပင်လျှင် အရဟတ္တမဂ်ရေစင်တို့ကို
သောက်သုံးနိုင်တဲ့ ၀ီရိယ စွမ်းအားတို့ကြောင့် နောင်တဖန် ခန္ဓာမလာနိုင်အောင်
ကြိုးစားအားထုတ်နိုင်လျှင် လွတ်မြောက်အောင်နေနည်းနဲ့ နေထိုင်သူများ
ဖြစ်ပါတယ်။
လူတွေမှာ တစ်သံသရာလုံးကပါတဲ့ အကျင့်ဆိုးတွေရှိသလို အကျင့်ကောင်းတွေလည်း ရှိကြတယ်။ အကျင့်ဆိုး ၀ါသနာဆိုးဆိုတာ စွန့်နိုင်ခဲတယ်။ ကျင့်ဖန်များလာရင် စရိုက်လို ဖြစ်လာတယ်။ အဲဒီ စရိုက်ကနေ မလုပ်ရရင် မနေနိုင် မပြောရရင် မနေနိုင်တဲ့ ၀ါသနာအဖြစ်ကို ပြောင်းလဲသွားတယ်။ ကောင်းမွန်တဲ့ တရားဘက်ကိုလှည့်နိုင်ဖို့ မိမိတို့ရဲ့ ကောင်းမွန်တဲ့ အကျင့်မှ စရိုက်ကောင်း ၀ါသနာကောင်းတွေကို ပြောင်းလဲနိုင်အောင် ခန္ဓာအရှိကို ဉာဏ်အသိနဲ့မြင်အောင် အကျင့်စရိုက် ၀ါသနာကို ဉာဏ်ပညာနဲ့ ပြောင်းနိုင်မယ်။
ဘုရားအဆုံးအမ ကိန်းအောင်ကျင့်ရမယ်။ ဘုရားအဆုံးအမတွေက အရှိအမှန် တရားတွေသာသနာတွင်းသား ဖြစ်ချင်ရင် ကိုယ့်သီလကို ကိုယ်တိုင်စစ်ဆေး။ ကိုယ့်မှာရှိနေတဲ့ စရိုက်ဆိုးတွေကို မြင်အောင်ကြည့်ပြီး ချိုးနှိမ်နိုင်ခြင်းဖြင့် သူတော်ကောင်း ဖြစ် မဖြစ် စစ်ဆေးကာ မြတ်သော၊လွန်မြောက်သော၊ လွတ်မြောက်သော နေနည်းနဲ့ နေထိုင်ကြသူများ ဖြစ်နိုင်ကြပါစေသတည်း။
{ ၂၅.၁၂.၂၀၀၈ နေ့၊ မတ္တရာမြို့၌ အရှင်နန္ဒာမာလာဘိဝံသ ဟောကြားတော်မူသော လူဖြစ်ကျိုးနပ်ပါစေ တရားတော်တရားမှ ကောက်နုတ်ရေးသားပါသည်။ }
credit - ဦးသိန်းဝေ။
သူတော်ကောင်းတို့တတွေကတော့ ကံကောင်းလို့ လူ့ဘ၀ ရလာကြပြီ။ လူ့ဘ၀ရောက်ဖို့ဆိုတာ အလွန်မတန်မှ ခဲယဉ်းတယ်။ ရခဲတဲ့ လူ့ဘ၀ကို ရထားပြီးပြီဆိုတော့ သက်တမ်းတစ်ခုမှာဘယ်လိုနေကြမ
အခြံအရံ ပေါကြွယ်အောင်လုပ်မယ်။ ဒီလိုနဲ့ ငွေကြေးစီးပွားဥစ္စာတွေ တိုးတက်လို့၊ အောင်မြင်ကျော်ကြားလို့၊ ရာထူးရာခံတွေ မြင့်မားလို့၊ အခြံအရံတွေ ပေါများနေရင် ဘ၀မှာ နေပျော်ပါပြီလို့ပြောကြတယ်။
“လူ့ဘ၀မှာ နေနည်း သုံးနည်းရှိတယ်။
၁။ ယုတ်ညံ့သောနေနည်း
ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးတို့ အပေါ်မှာ ယုံကြည်သက်ဝင်မှု အားနည်းပြီး လိုက်နာကျင့်သုံးမှု မရှိသူ။ ရှာဖွေရရှိထားတဲ့ ဥစ္စာပစ္စည်းတို့ကိုလည်း ပေးခြမ်းလှူဒါန်းခြင်း မရှိသူ။ ကာမဂုဏ်တို့မှာ မွေ့လျော်ပျော်ပါးလိုက်စား၍
၂။ မြင့်မြတ်သောနေနည်း
ရတနာသုံးပါးအပေါ်မှာ ရိုသေကိုင်းရှိုင်းပြီး မိဘဆရာသမားဆွေမျိုးမိတ်ဆွေတ
၃။ လွတ်မြောက်အောင်နေနည်း
ပစ္စုပ္ပန် သံသရာ နှစ်ဖြာသောလောကမှ လွတ်မြောက်အောင် ၀ိပဿနာတည်းဟူသော သံသရာလွတ်ကြောင်းတရားတို့ကိ
လူတွေမှာ တစ်သံသရာလုံးကပါတဲ့ အကျင့်ဆိုးတွေရှိသလို အကျင့်ကောင်းတွေလည်း ရှိကြတယ်။ အကျင့်ဆိုး ၀ါသနာဆိုးဆိုတာ စွန့်နိုင်ခဲတယ်။ ကျင့်ဖန်များလာရင် စရိုက်လို ဖြစ်လာတယ်။ အဲဒီ စရိုက်ကနေ မလုပ်ရရင် မနေနိုင် မပြောရရင် မနေနိုင်တဲ့ ၀ါသနာအဖြစ်ကို ပြောင်းလဲသွားတယ်။ ကောင်းမွန်တဲ့ တရားဘက်ကိုလှည့်နိုင်ဖို့ မိမိတို့ရဲ့ ကောင်းမွန်တဲ့ အကျင့်မှ စရိုက်ကောင်း ၀ါသနာကောင်းတွေကို ပြောင်းလဲနိုင်အောင် ခန္ဓာအရှိကို ဉာဏ်အသိနဲ့မြင်အောင် အကျင့်စရိုက် ၀ါသနာကို ဉာဏ်ပညာနဲ့ ပြောင်းနိုင်မယ်။
ဘုရားအဆုံးအမ ကိန်းအောင်ကျင့်ရမယ်။ ဘုရားအဆုံးအမတွေက အရှိအမှန် တရားတွေသာသနာတွင်းသား ဖြစ်ချင်ရင် ကိုယ့်သီလကို ကိုယ်တိုင်စစ်ဆေး။ ကိုယ့်မှာရှိနေတဲ့ စရိုက်ဆိုးတွေကို မြင်အောင်ကြည့်ပြီး ချိုးနှိမ်နိုင်ခြင်းဖြင့် သူတော်ကောင်း ဖြစ် မဖြစ် စစ်ဆေးကာ မြတ်သော၊လွန်မြောက်သော၊ လွတ်မြောက်သော နေနည်းနဲ့ နေထိုင်ကြသူများ ဖြစ်နိုင်ကြပါစေသတည်း။
{ ၂၅.၁၂.၂၀၀၈ နေ့၊ မတ္တရာမြို့၌ အရှင်နန္ဒာမာလာဘိဝံသ ဟောကြားတော်မူသော လူဖြစ်ကျိုးနပ်ပါစေ တရားတော်တရားမှ ကောက်နုတ်ရေးသားပါသည်။ }
credit - ဦးသိန်းဝေ။

Comments
Post a Comment