“ လောကနိဒါန်း”


“ လောကနိဒါန်း” 

၁ ။ အလင်းဆိုတာ  အမှောင်ဖြစ်ဖို့   နိဒါန်းပါ ။
၂ ။ ရွက်နုဆိုတာ   ရွက်ဟောင်းဖြစ်ဖို့  နိဒါန်းပါ ။
၃ ။ တွေ့ဆုံခြင်းဟာ   ခွဲခွါခြင်းရဲ့  နိဒါန်းပါ ။
၎ ။ ရယ်မောခြင်းဟာ  ငိုကြွေးခြင်းရဲ့  နိဒါန်းပါ ။
၅ ။ နီးစပ်ခြင်းဟာ  ဝေးကွာခြင်းရဲ့  နိဒါန်းပါ ။
၆ ။ အချစ်ဆိုတာ   အမုန်းအတွက်  နိဒါန်းပါ ။
၇ ။ ကြင်နာခြင်းဟာ   နာကြင်ခြင်းရဲ့   နိဒါန်းပါ ။
၈ ။ အခက်အခဲဆိုတာ  အောင်မြင်မှုရဲ့   နိဒါန်းပါ ။
၉ ။ စွဲလမ်းခြင်းဟာ  သောကဖြစ်ဖို့   နိဒါန်းပါ ။
၁၀ ။ ထိုနည်းတူစွာ မွေးဖွားခြင်းဟာလည်း သေဆုံးခြင်းအတွက်   နိဒါန်းပါ ။

#တာတပေါမြေ - စောစိန်ပန်း။

Comments

Popular Posts

"ကျွန်းကြီးလေးကျွန်း"

"မြင်းမိုရ်"

သေခြင်းကောင်းသော ဘ၀၊ လားရာကောင်းသော ဂတိ

"သီတဂူဆရာတော် ဘုန်းကြီးတယ်"ဆိုတာ